Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက် အလှပြင်ဆိုင်လုပ်​နေတဲ့ မြန်မာအမျိုးသမီးငယ် ၄ ဦး အဖမ်းခံရ

ဘန်ကောက်မြို့တော်မှာ ထိုင်းအာဏာပိုင်တွေဟာ အလှပြင်ဆိုင် တစ်ခုကို စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးငယ် ၄ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အလှပြင်ဆိုင်ကိုထိုင်းရဲများဝင်​ရောက်စစ်​ဆေးစဥ်။ ဓါတ်ပုံ- Khaosod English

ဘန်ကောက်မြို့တော်မှာ ထိုင်းအာဏာပိုင်တွေဟာ အလှပြင်ဆိုင် တစ်ခုကို စီးနင်းခဲ့ပြီး တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသမီးငယ် ၄ ဦး အပါအဝင် ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းကမ္ဘာလှည့် ခရီးသွား ရဲဌာနနဲ့ အလုပ်အကိုင်ရေးရာ ဌာနတို့ဟာ ရာမ ၉ လမ်းမှာရှိတဲ့ ယင်ဟိုင်ကျင်ချွမ် အလှပြင်ဆိုင်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ စီးနင်း ရှာဖွေခဲ့တဲ့နောက် တရားဝင် ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်ကြား မြန်မာ မိန်းကလေး ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဲဒီ မိန်းကလေးတွေရဲ့ နာမည်ကိုတော့ လင်း၊ မေ၊ ကေနဲ့ မော်ဆိုပြီး အတိုကောက်ပဲ ဖော်ပြထားခဲ့ပါတယ်။

အလှပြင်ဆိုင်ကိုထိုင်းရဲများဝင်​ရောက်စစ်​ဆေးစဥ်။ ဓါတ်ပုံ- Khaosod English

နောက်ပြီး အသက် ၄၀ အရွယ် ချန်နဲ့ ၃၁ နှစ်အရွယ် ယန်ဆိုတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂ ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက တစ်ပါတည်း ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

မြန်မာ အမျိုးသမီးတွေဟာ အလှပြင် ဝန်ထမ်းတွေအဖြစ် အဲဒီဆိုင်မှာ အလုပ်လုပ်နေခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံခြား အလုပ်သမားတွေအတွက် ကန့်သတ်တားမြစ်ထားတဲ့ အလုပ်အမျိုးအစား တစ်ခုဖြစ်လို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူတွေဟာ ကန့်သတ်ထားတဲ့ အလုပ်အကိုင် အမျိုးအစားမှာ သီးသန့်ပါမစ် မရှိဘဲ ဝင်ရောက် လုပ်ကိုင်မှုနဲ့ တရားစွဲဆို ခံရမယ့်အပြင် နောက်တိုးအဖြစ် မြန်မာ အမျိုးသမီးတွေကတော့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု အတွက်ပါ စွဲချက်တင်ခံရနိုင်ခြေ ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အဖမ်းခံရသူ ၆ ဦးစလုံးကို ဟွေခွမ်း ရဲစခန်းဆီ လွှဲပြောင်း ပို့ဆောင်ပြီး နောက်ဆက်တွဲ တရားရေး ကိစ္စတွေကို ဆောင်ရွက်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ

သတင်း

ပြောင်းဖူးစေ့ပုံကြီးအောက်မှာပုန်းအောင်း လိုက်ပါလာတဲ့ တရားမဝင်ရွှေ့ပြောင်းလာသူ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဆိုးရွားလာနေတဲ့ လေထုညစ်ညမ်းမှု အခြေအနေကို တန်ပြန်ဖို့အတွက် ထိုင်းအစိုးရဟာ မီးရှို့မှုတွေကို တားဆီးတဲ့ အရေးပေါ် စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ စံချိန်တင် ပမာဏအဖြစ် မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ခွဲကျော်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

၂၀၂၄ ပထမ ၉ လအတွင်းမြန်မာတွေက ကွန်ဒို အခန်းပေါင်း ၁၀၅၀ ကို ဘတ် ၅၄၆၃သန်းဖိုးဝယ်ယူခဲ့