Connect with us

Hi, what are you looking for?

သတင်း

NUGကာကွယ်ရေးဝန်ကြီးနှင့် မကွေး – ရက္ခိုင် အခြေစိုက် PIO/PIA တပ်တို့ စစ်ရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)မှ ရဲဘော်အချို့ ရှေ့တန်းမှ ပြန်လာသည်ကို ဇန်နဝါရီ ၂၀ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PIA)

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် တွေ့ဆုံပြီး စစ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

တွေ့ဆုံသည့် နေ့ရက်နှင့်နေရာဒေသ အတိအကျ ဖော်ပြခြင်းမရှိသော်လည်း အတော်လှန်ရေး ကာလအတွင်းလုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)က ဇန်နဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်းကူညီဆောင်ရွက်ရန် ဆွေးနွေး သဘောတူညီခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အနာဂတ်ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန်ရေး ကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်များကို လိုက်နာရန် အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းလည်း ဖော်ပြသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ PIO/PIA အဖွဲ့ထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သတင်းပြန်ကြားရေး PVTV ကလည်း ယနေ့ (ဇန်နဝါရီ ၂၉ရက်)တွင် ဖော်ပြခဲ့ရာ တွေ့ဆုံမှုကို ၂၀၂၄ ဒီဇင်ဘာ ၂၃ရက်တွင် လွတ်မြောက်နယ်မြေ တနေရာ၌ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

PIO/PIAသည် မကွေး-ရက္ခိုင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများနှင့် ပူးတွဲကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

စစ်ဆင်ရေးများအနက် ၂၀၂၄ ဒီဇင်ဘာက အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ New Society Army (NSA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း စစ်သုံ့ပန်း ၁၂ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလဆန်းတွင် PIAက သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်(AA)၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းမှ ထွက်‌ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။