Connect with us

Hi, what are you looking for?

သတင်း

ရွှေသောင်ယံ၌ စစ်သားချင်းပစ်ခတ်မှု ဗိုလ်တစ်ဦးသေဆုံး

ရွှေသောင်ယံမြို့ ၊ တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ရက်နေ့က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။

AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှသိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ရွှေသောင်ယံမြို့ ၊ တပင်မှော်ရွာတွင်ဇန်နဝါရီလ ၂၈ရက်နေ့က တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ရာဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးသွားသည်။

တပင်မှော်ရွာသည် ရွှေသောင်ယံ​ဒေသအတွင်း စစ်ကောင်စီတပ်အဓိကတပ်စွဲထားသည့်နေရာများအနက် တစ်ခုဖြစ်သည်။

“အရက်မူးပြီး ရန်ဖြစ်တာ။ ဗိုလ်တစ်ကောင်သေတယ်။ အခု တပင်မှော်ရွာမှာက တခြားကရောက်လာတဲ့ စစ်သားတွေ အများကြီးပဲ” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်တော်(AA)က ရွှေသောင်ယံမြို့နှင့်ထိစပ်နေသော ဂွမြို့ကို ၂၀၂၄ ဒီဇင်ဘာလကုန်တွင် သိမ်းယူပြီးနောက် ရွှေ သောင်ယံမြို့၊ မကျီးစင်ရွာတွင် ဇန်နဝါရီလ ၈ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့သည်။ မကျီးစင်ရွာမှ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဘောမိကျေးရွာတွင် ထပ်မံတပ်စွဲခဲ့သည်။ ဘောမိရွာမှ စစ်ကောင်စီတပ်ကို ဇန်န ဝါရီလ၁၆ရက်နေ့တွင် AAနှင့် ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများစွာဖြင့်ထပ်မံဆုတ်ထွက်ပြေးခဲ့ရပြန်သည်။

​ဘောမိရွာတိုက်ပွဲတွင် AA က စစ်တပ်ထံမှ သံချပ်ကာယာဥ်အချို့ကို သိမ်းဆည်းနိုင်ခဲ့သည်။AA က ဧရာဝတီတိုင်းအတွင်း ပွိင့်( ၂၆၃) နှင့် ပွိုင့် (၃၆၉)စခန်း နှစ်ခုကိုသိမ်းပိုက်ထား​ကြောင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲများ၌ထွက်ပြေးလာသည်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်းထံသွားရောက်မပူပေါင်းဘဲ ထွက်ပြေးရန်ကြိုးစားခဲ့သည်။ သို့‌ သော်စစ်ကောင်စီကလိုက်လံဖမ်းဆီးခဲ့သည်။

“စစ်ကောင်စီတပ်သား‌တွေ တော်တော်လေးစိတ်ဓာတ်ကျနေတာ မြင်ရတယ်။ အခုဖြစ်တာလည်း စိတ်ဓာတ်ကျနေကြပြီး အရက်သောက်ကြရင်း ဖြစ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ရွှေသောင်ယံမြို့ပေါ်နှင့် မလှမ်းမကမ်းမှ တပင်မှော်၊သဘော့ကန်၊ ဂျိတ်လတ်ရွာတို့တွင်ထပ်မံခံစစ်ပြင်ထားသည်။

ဇန်နဝါရီလ၃၀ရက်တွင် အင်အား ၃၀ခန့်စီပါသည့် စစ်ကောင်စီစစ်ကြောင်းနှစ် ကြောင်းသည်ရွှေသောင်ယံမြို့ပေါ်သို့ ရောက်ရှိလာပြီး ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းဘေး ရပ်ကွက်နှင့်ကျေးရွာအချို့ကို စစ်ဆေးခဲ့သည်။

“PDF သတင်းကြားလို့ဆိုပြီးလာတာ။အသက်ကြီးကြီးတွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ရွှေသောင်ယံ ​ဒေသတွင် ဇန်နဝါရီလ၂၈ ရက်ခန့်မှစ၍ တိုက်ပွဲ​ခေတ္တငြိမ်သက်နေသည်။သို့​သော်ရွှေသောင်ယံမြို့နှင့်ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေပြီး ဇန်နဝါရီလ ၂၈ရက်နေ့ကတိုက်ပွဲ၌ သာပေါင်းရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်ဦးကို AAက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့၍​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။