Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅ဦးကို တော်လှန်ရေးပူးပေါင်းတပ် ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ (ဖေဖော်ဝါရီ ၄ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖမ်းမိထားသည်ဟု တအာင်းတပ်မတော် (TNLA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က အတည်ပြုသည်။

ဖမ်းမိစစ်သုံ့ပန်းနှင့် DPLAရဲဘော် ညီအကိုနှစ်ဦးတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ဖမ်းမိစစ်သုံ့ပန်းနှင့် DPLAရဲဘော် ညီအကိုနှစ်ဦးတွေ့ဆုံသည့်ရုပ်သံဖိုင်

▪️ဖမ်းမိစစ်သုံ့ပန်းတစ်ဦးသည် DPLAတပ်ဖွဲ့ဝင်၏ အကိုအရင်းဖြစ်ပြီး ညီဖြစ်သူနှင့် တွေ့ဆုံခွင့်ရ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ (ဖေဖော်ဝါရီ ၄ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖမ်းမိထားသည်ဟု တအာင်းတပ်မတော် (TNLA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က အတည်ပြုသည်။

တောင်းခမ်းကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖေဖော်ဝါရီ ၄ရက် နံနက်တွင် ဖမ်းမိခဲ့ရာတစ်ဦးသည် DPLAတပ်ဖွဲ့ဝင်တစ်ဦး၏ အကိုဖြစ်သည်ဆိုသော သတင်းအပေါ် DPLF/DPLA တာဝန်ခံ ကိုထွန်းနိုင်က အတည်ပြုပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လျှောက်တဲ့လမ်းချင်းမတူပေမယ့် စစ်မြေပြင်တနေရာမှာ အကိုဖြစ်သူကို အသက်ရှင်လျက် ပြန်တွေ့လိုက်ရတဲ့အခါ ညီဖြစ်သူ DPLA မှ ရဲဘော်တစ်ဦးရဲ့ ရင်တွင်းစကားသံလေး”ဟု DPLF ယနေ့ ရုပ်သံမှတ်တမ်းဖော်ပြ အသိပေးသည်။

“ပျော်လည်းပျော်တယ် စိတ်လည်းမကောင်းဘူး။ ဒါပေမဲ့ သူအဲဒီလို အသက်ရှင်လျှက်တွေ့ရတာ နည်းနည်း တော်သေးတာပေါ့။ မေးဖော်စကားပြောဖော်ရသေးတယ်”ဟု DPLA ရဲဘော်က ပြောကြားသည်ကို တွေ့ရသည်။

ထို့ပြင် ထိခိုက်မှုအနည်းငယ်ရရှိထားသည့် စစ်သုံ့ပန်းအကိုဖြစ်သူကို ညီဖြစ်သူက ပြုစုနေမှု ရုပ်သံကိုလည်းတွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ DPLA တာဝန်ခံ ကိုထွန်းနိုင်က” ညီအကိုနှစ်ယောက်ရော ကျနော်ရော ကျနော့်ရဲဘော် အရာရှိ အားလုံး စိတ်လှုပ်ရှားနေကြပါတယ်”ဟု အဆိုပါ ညီအကိုနှစ်ဦးစစ်မြေပြင်၌ အသက်ရှင်လျက် ပြန်လည် ဆုံတွေ့ရမှု ဖြစ်စဉ်အပေါ် မှတ်ချက်ပြုသည်။

DPLA ရဲဘော်က အကိုဖြစ်သူ စစ်သုံ့ပန်းနှင့်ပတ်သက်ပြီး တစုံတရာ တောင်းဆိုမှုမရှိဟုလည်း ကိုထွန်းနိုင်က ပြောသည်။

တအာင်းတပ်မတော်(TNLA)က ဦးဆောင်တိုက်ခိုက်နေသည့် တောင်းခမ်းဒေသ တိုက်ပွဲမှာပြင်းထန်နေကြောင်းလည်း DPLAတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် ၄ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှုတွေရှိခဲ့ကြောင်း ချင်းတောင်ပိုင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။