Connect with us

Hi, what are you looking for?

News

ကျောင်းတွေစဖွင့်ပေမယ့် တက်ရောက်သူမရှိသလောက်နည်းပါး၊ ဆရာ၊ ဆရာမတွေအရပ်ဝတ်နဲ့ကျောင်းလာ

ကျောင်းကို စာလာသင်တဲ့ဆရာမ အချို့ဟာလည်း အရပ်ဝတ်နဲ့လာကြတာကိုတွေ့ရတယ်လို့ မျက်မြင်တွေ့ရသူတွေကဆိုပါတယ်။

ကိုဗစ်ကူးစက်မှုမြင့်မားလာလို့ပိတ်လိုက်ရတဲ့ အခြေခံပညာကျောင်းတွေကို ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ရာမှာတော့တက်ရောက်သူ မရှိသလောက်နည်းပါးတာကိုတွေ့ရပါတယ်။

ရန်ကုန်မြို့က ကျောင်းတွေမှာဆို စာသင်ဆောင် တွေမှာ စာသင်ခန်း ၁ ခန်း ၊ ၂ ခန်းလောက်သာ ဖွင့်ထားနိုင်ပါတယ်။

ကျောင်းကို စာလာသင်တဲ့ဆရာမ အချို့ဟာလည်း အရပ်ဝတ်နဲ့လာကြတာကိုတွေ့ရတယ်လို့ မျက်မြင်တွေ့ရသူတွေကဆိုပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တွေမှာတော့ ရပ်ကွက်ထဲမှာ ရှိတဲ့ကျောင်း ရှေ့ ကိုဖြတ်သန်းသွားလာလို့မရအောင် ဒီနေ့မနက်မှာ ပိတ်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စာသင်ကျောင်း ဝင်ပေါက် ၊ ထွက်ပေါက်တွေရှေ့မှာ အရပ်ဝတ်နဲ့ လုံခြုံရေးချထားတာလည်းရှိနေပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် တိုင်းပြည် ပုံမှန်အတိုင်းလည်ပတ်နေတာကို နိုင်ငံတကာကိုပြသချင်တဲ့အတွက် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေကို အတင်းပြန်ဖွင့်ခဲ့ပါတယ်။

ကျောင်းသားမိဘပြည်သူတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းအပ်နှံမှုကို မလုပ်ဆောင်ခဲ့ကြပါဘူး။

ဒါပေမယ့် စစ်ကောင်စီဟာ ရှိတဲ့ကျောင်းသားနဲ့ ကျောင်းတွေကိုပြန်ဖွင့်ခဲ့ပါတယ် ။

စာသင်ကျောင်း တွေအနီးမှာ ပေါက်ကွဲမှု အချို့ရှိခဲ့ပြီး ဒါဟာ မလိုလားသူတွေက ကျောင်းတွေဖွင့်လို့မရအောင်ခြိမ်းခြောက်တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ကိုဗစ်တတိယလှိုင်းနဲ့ကြုံတဲ့အခါမှာတော့ ကျောင်းတွေကို ပိတ်လိုက်ရပါတယ် ။

ဒါပေမယ့် စစ်ကောင်စီဟာ အသက် ၁၂ နှစ်အထက်ကျောင်းသူ၊ကျောင်းသားတွေကို တရုတ်ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး ကျောင်းတွေပြန်ဖွင့်ဖို့ လုံးပမ်းခဲ့တာပဲဖြစ်ပါတယ်။

အဲဒီနောက် ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ မြို့နယ်အချို့က လွဲပြီး နိုင်ငံအဝှမ်းက အခြေခံပညာကျောင်းတွေကို ပြန်ဖွင့် ခဲ့ပေမယ့် တက်ရောက်သူ မရှိသလောက်နည်းပါးခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စာမေးပွဲ ရမှတ်ကို မကျေနပ်ရာက ကျောင်းသားတစ်ယောက်က ဆရာမကို လက်သီးနဲ့ ထိုးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။