Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုင်းခုတ်ဓား ကိုင်ပြီး ဆရာမနောက်လိုက်တဲ့ ထိုင်း grade 3 ကျောင်းသားရဲ့ ဗီဒီယို ပျံ့နှံ့နေ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ ဇွန်လ ၁၂ ရက်နေ့တုန်းက ဆာခွန်နက်ခွန်ပြည်နယ်ရဲ့ မူယန် ခရိုင်မှာရှိတဲ့ ကျောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ လုံခြုံရေး ကင်မရာက ရိုက်ယူထားတာလို့ ယူဆရတဲ့ ဗီဒီယိုထဲမှာတော့ ဆရာမ တစ်ဦးက ကျောင်းရဲ့ ပန်းခြံ မြက်ခင်းဖက်ကို အသေအလဲ ထွက်ပြေးသွားပြီး ကလေးက နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားတာကို တွေ့ခဲ့ရပါတယ်။

https://www.facebook.com/reel/1022689663651157

နီးစပ်သူတွေရဲ့ အဆိုအရ အဲဒီကလေးဟာ အရင်ကလည်း ကျောင်းမှာ ရန်လိုတတ်၊ ခိုက်ရန်ဖြစ်ပွားတတ်ပြီး သူ့ဒဏ်ကြောင့် တခြားကလေး တချို့ကို မိဘတွေက ကျောင်းပြောင်းစေခဲ့ဖူးကြောင်း သိရပါတယ်။

ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးနေတဲ့ ဒေသခံ လူမှုရေး အသင်းတစ်ခုဖြစ်တဲ့ Be One ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တွန်အော်ပန်နွမ်က နောက်ပိုင်းမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Facebookပေါ်မှာ ရှင်းလင်း ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခု ဖြစ်ရပ်မှာ အသက် ၉ နှစ်အရွယ် ကလေးဟာ အတန်းဖော် တစ်ဦးနဲ့ စကားများခဲ့တာကြောင့် အတန်းပိုင် ဆရာမက ကြားဝင် ညှိနှိုင်းပေးခဲ့ပြီး အဲဒီကလေးကိုလည်း သတိပေး ဆုံးမခဲ့ပါတယ်။ ဒါကို ကျောင်းသားက မကျေမနပ်တွေ ဖြစ်ပြီး အော်ဟစ် သောင်းကြန်းနေတာကြောင့် ဆရာမက အုပ်ထိန်းသူကို ခေါ်ယူပြီး အိမ်ပြန်ခိုင်းခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ကျောင်းသားဟာ ဓားဆွဲပြီး ကျောင်းဆီ ပြန်ရောက်လာခဲ့ပါတယ်။ ပြီးတော့ သူ့ကို ဆိုဆုံးမခဲ့တဲ့ ဆရာမနောက် ပြေးလိုက်တော့တာ ဖြစ်ပါတယ်။ ဆရာမက ထွက်ပြေးရင်း အော်ဟစ် အကူအညီ တောင်းနေချိန်မှာ တခြားကျောင်းသားတွေက ကြောက်စိတ်ကြောင့် တုန်လှုပ်နေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကျောင်းရဲ့ ဝန်ထမ်းတစ်ဦးက အဲဒီကလေးကို ကစားကွင်းနားက နေရာကျယ်ကျယ် တစ်ခုဆီ ချော့မော့ ခေါ်ယူပြီး လက်နက်ကို ချထားလိုက်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။

တွန်အော်က ဆရာမကို ဓားကိုင်ပြီး ပြေးလိုက်တဲ့ grade 3 ကျောင်းသားဟာ အရင်ကတည်းက ရန်လို ကြမ်းတမ်းတဲ့ အမူအကျင့်တွေ ပြသခဲ့ကြောင်း၊ အတန်းဖော်တွေကို ရန်လုပ်တာ၊ ခြိမ်းခြောက် အနိုင်ကျင့်တာ၊ ဗိုလ်ကျပြီး ပိုက်ဆံလုတာတွေ လုပ်ခဲ့ကြောင်း ပြောပါတယ်။

ဒါကြောင့် ကျောင်းက ကလေးရဲ့ မိသားစုနဲ့ တိုင်ပင်ပြီး သူ့ကို အွန်လိုင်းကနေ သင်ကြားပို့ချပေးတဲ့ အစီအစဉ်မျိုး ပြောင်းလဲပေးခဲ့ဖူးပါတယ်။ နောက်တော့ သူက ကျောင်းကို ပြန်ရောက်လာပြီး အပြုအမူပိုင်းကလည်း ဆိုးထသက် ဆိုးလာတယ်လို့ ဆိုပါတယ်။

တွန်အော်က အခုဖြစ်ရပ်အပြီး ဆာခွန်နက်ခွန် ကလေးစောင့်ရှောက်ရေး အဖွဲ့ရဲ့ အကြီးအကဲဆီ ဆက်သွယ်ပြီး ကလေးတွေ၊ ဆရာမတွေနဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ဘယ်လို ကာကွယ်မလဲ ဆိုတာရယ်၊ ပြဿနာရှာတဲ့ ကလေးရဲ့ စရိုက်လက္ခဏာ ကိစ္စတွေရယ်ကို ဆွေးနွေးထားကြောင်း ပြောပါတယ်။

အဲဒီအဖွဲ့ အကြီးအကဲကတော့ ကျောင်းနဲ့ အဲဒီကလေး နေထိုင်ရာ ပတ်ဝန်းကျင်ဆီ ကွင်းဆင်း စစ်ဆေးဖို့ စည်းကမ်းကြပ်မတ်မှုဆိုင်ရာ အဖွဲ့တစ်ခု စေလွှတ်မယ်လို့ အကြောင်းပြန်ထားပါတယ်။ ပြီးတော့ ကလေးကိုလည်း အတန်းဖော်တွေ၊ စာသင်ကျောင်းနဲ့ သီးသန့်ခွဲထားမှာဖြစ်ပြီး ဘာကြောင့် ဒီလောက် အပြုအမူ ဆိုးနေသလဲဆိုတဲ့ ရင်းမြစ်ကို ရှာဖွေဖို့ မိသားစုရဲ့ နောက်ခံ အခြေအနေတွေကိုပါ စေ့စေ့စပ်စပ် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

တွန်အော်က ဒီကိစ္စဟာ ပေါ့ပေါ့ဆဆ သဘောထားလို့ လုံးဝ မရကြောင်း၊ ကလေးအတွက် သင့်တော်တဲ့ ပဲ့ပြင်ဆုံးမမှုတွေနဲ့ လူတောပြန်တိုးနိုင်အောင် ကူညီဖို့ သက်ဆိုင်ရာ ကလေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေမှာ တာဝန်ရှိနေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။