Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သို့ ပြည်သူများဝင်ရောက်နေထိုင်နိုင်ပြီဟု ပကဖနှင့် CDF ထုတ်ပြန်

ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ​၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့မဈေးနှင့် မြို့တွင်းနေရာအချို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL - Mindat

▪️တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ကြောင်း ထောက်ခံချက်ပြသနိုင်မှ မြို့တွင်းပြန်ဝင်ခွင့်ရှိမည်ဟုအသိပေးပြီး လိုက်နာရမည့်စည်းကမ်းများ သတ်မှတ်ထား

ဟန်နွေ/People’s Spring

ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည် သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ​၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF)က ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

မင်းတပ်မြို့ တိုက်နယ်အုပ်ချုပ်ရေးမှူး ၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မြို့ကိုအပြီး သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းအောင်ပွဲအပြီး ၁လခွဲကျော်အကြာတွင် ပြည်သူများ အနေဖြင့် သတ်မှတ်စည်းကမ်းနှင့်အညီ မြို့တွင်း ပြန်နေထိုင်နိုင်ကြောင်း CDFနှင့် ပအဖက အသိပေးလာခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် မြို့သိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် မိမိတို့ ထည့်ဝင်ကြောင်း ထောက်ခံချက်ကို နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများထံ အခမဲ့တောင်းယူနိုင်ကြောင်းနှင့် ယင်းထောက်ခံချက်များကို မြို့ဝင်ဂိတ်များတွင်ပြသနိုင်သူများသာ မြို့တွင်းပြန်လည်ဝင်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

” အခက်အခဲကတော့ ဒီကာလ အားလုံးရှိကြတာပါပဲ။ အသက်ပေးတိုက်တဲ့လူတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့ ရဲဘော်တွေ၊ ကျဆုံးရဲဘော်မိသားစုတွေကအစ တော်လှန်ရေး ရန်ပုံငွေထည့်ခဲ့ကြပါတယ်။စားဖို့ ခက်ခဲတဲ့စစ်ရှောင်တွေ၊ နေရာထိုင်ခင်းမရှိတဲ့ စစ်ရှောင်တွေ၊ သားသမီးကျောင်းမထားနိုင်တဲ့ စစ်ရှောင်တွေက တော်လှန်ရေး ထောက်ပံ့ငွေ ထည့်ခဲ့ကြလို့ မြို့သိမ်းနိုင်ခဲ့ပါတယ်။ခက်ခဲကြတာချင်းအတူတူ အများကထည့်ပြီး တချို့ကျ မထည့်ဘဲနေလို့ ရတယ်ဆိုပြီး သွားလို့မရပါဘူး”ဟု မင်းတပ် ပအဖ တာဝန်ရှိသူ ဆလိုင်းယောမာန်က ရန်ပုံငွေ ထည့်ဝင်ပြီးကြောင်း ထောက်ခံချက် ပြသမှ မြို့သို့ ပြန်နေထိုင်နိုင်မည့် သတ်မှတ်ချက် အပေါ် ရှင်းပြသည်။

တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသေးသူများလည်း မြို့အဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေထည့်ဝင်ကာ ဖြတ်ပိုင်းဖြင့် မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့် ရှိမည်ဟုလည်း မင်းတပ် ပအဖက ထုတ်ပြန်သည်။

မြို့တွင်းပြန်လည်နေထိုင်မည့်သူများ လိုက်နာရန်စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားရာ အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့တိုင်းတွင် ပြည်သူများအနေဖြင့် မနက် (၆)နာရီမှ ညနေ (၆)နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့် ရှိမည်ဟု အသိပေးသည်။

ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားများအနေဖြင့် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့များမှအပ ကျန်နေ့ရက်များတွင် မနက် (၆)နာရီမှ ညနေ (၆)နာရီအတွင်း မြို့ကို ဖြတ်သန်းသွားလာခွင့် ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။