Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ လုံလောက်တဲ့ဆေးဝါးကုသမှုမရလို့ နိုင်ကျဉ်းသူတစ်ဦး ဆုံးပါး

မန္တလေး ၊အိုးဘိုအကျဉ်းထောင်မှာ ထောင်တွင်းလုံလောက်တဲ့ ဆေးဝါးကုသမှုမရလို့ သက်ကြီးပိုင်း အမျိုးသမီး နိုင်ကျဉ်း တစ်ဦး ဖေဖော်ဝါရီလ ၁၀ ရက်က အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံကသိရပါတယ်။

အိုးဘိုအကျဉ်းထောင်ကို Google Earth ကနေ တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ထောင်တွင်းလုံလောက်တဲ့ ဆေးဝါးကုသမှုမရလို့ သက်ကြီးပိုင်း အမျိုးသမီး နိုင်ကျဉ်း တစ်ဦး ဖေဖော်ဝါရီလ ၁၀ ရက်က အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံကသိရပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ကျဉ်းဟာ အသက် ၆၅နှစ်အရွယ် ဒေါ်စန်းရီဖြစ်ပြီး သူ့ကို အကြမ်းဖက်ပုဒ်မတွေ နဲ့စွပ်စွဲပြီး ထောင်ဒဏ် ၂၂ နှစ် ချထားတာပါ။

စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ် ၊ဧပြီလ ၂၂ ရက်မှာ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၀) ရဲစခန်း ဗုံးခွဲခံရမှုနဲ့ပတ်သက်ပြီး လူငယ် ၃ ဦးကိုနေအိမ်မှာ ဝှက်ထားပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်ချခံရတာပါ။

Public Service Announcement

Public Service Announcement

သွေးတိုး ၊ဆီးချို ရှိတဲ့အပြင် နှလုံးနဲ့ အသည်း ဝေဒနာတွေခံစားနေရတဲ့ ဒေါ်စန်းရီ ဟာ ထောင်ဆေးရုံမှာပဲ ဆုံးပါးခဲ့တာလို့သိရပါတယ်။

ထောင်တွင်းဆေးရုံမှာ လုံလောက်တဲ့ ကုသမှုမရသလို ပြင်ပမှာ ကုသခွင့်ရဖို့ ငွေကြေး မတတ်နိုင်တဲ့အခြေအနေတွေ ရှိခဲ့တယ်လို့ PPNM ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

စစ်တပ်ရဲ့တကျော့ပြန် အာဏာသိမ်းမှုအပြီး အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ အသက်ဆုံးပါးရတာတွေ ရှိခဲ့ပါတယ်။

အသက်ဆုံးရှုံးရတဲ့သူတွေထဲမှာ NLD ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်​၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင် ကို အိုးဘိုထောင်မှာ ရောဂါကျွမ်းမှ ပြင်ပဆေးရုံဆီ ပို့ဆောင်ကုသခဲ့တဲ့ ဖြစ်စဉ်တွေ ရှိထားပါတယ်။

ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာတင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၄ ဦးအထိ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးအိုးဘိုထောင်က ထောင်သားတစ်ဦး ဆေးရုံကြီးအချုပ်ဆောင်ကနေ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ထောင်ဝင်စာဧည့်တွေ့ပိတ်ထားတယ်လို့ အကျဉ်းသားမိသားစုတွေထံကနေသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ်ခံရပြီးနောက် ရိုက်နှက်ခံရတာကြောင့် တစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်‌တော်မူခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ စစ်ဆေးဖမ်းဆီး အပြစ်ပေးဖို့ တောင်းဆို