Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အော်စကာ ဆုပေးပွဲအပြီး ပါတီအတွက် ရုပ်ရှင်ကြယ်ပွင့်တွေ စုဝေးနေချိန် ဟောလိဝုဒ်မှာ ငလျင်လှုပ်

အော်စကာ ဆုပေးပွဲအတွက် နာမည်ကျော် ရုပ်ရှင်ကြယ်ပွင့်တွေ စုဝေးနေတဲ့အချိန် ဟောလိဝုဒ်မှာ ငလျင်လှုပ်ခဲ့ကြောင်း သိရပါတယ်။

အော်စကာ ဆုပေးပွဲအတွက် နာမည်ကျော် ရုပ်ရှင်ကြယ်ပွင့်တွေ စုဝေးနေတဲ့အချိန် ဟောလိဝုဒ်မှာ ငလျင်လှုပ်ခဲ့ကြောင်း သိရပါတယ်။

ရစ်ချ်တာစကေး ၃.၉ အဆင့်ရှိတဲ့ ငလျင်တစ်ခုဟာ ဒေသစံတော်ချိန် မတ်လ ၂ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့တော်ရဲ့ ဟောလိဝုဒ်ရပ်ကွက် မြောက်ပိုင်းကို ဦးတည်ပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပခဲ့ရာ Dolby ခန်းမကြီးနဲ့ မိုင်အနည်းငယ်လောက်သာ ကွာဝေးခဲ့ပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ၊ သေကြေ ဒဏ်ရာရမှု အခြေအနေတွေကို လောလောဆယ် မသိရသေးပါဘူး။ ငလျင် လှုပ်တဲ့အချိန်မှာ အော်စကာ ဆုပေးပွဲအပြီး Vanity Fairက ဦးဆောင်ကျင်းပတဲ့ ပါတီပွဲအတွက် ကမ္ဘာကျော် ရုပ်ရှင်ကြယ်ပွင့်တွေ ဟောလိဝုဒ်မှာ စုရုံး ရောက်ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မျက်မြင်တချို့ကတော့ ငလျင်ရဲ့ သက်ရောက်မှုဟာ တော်တော်လေး သိသာ အားကောင်းခဲ့ပြီး အထပ်မြင့် အဆောက်အအုံကြီး တချို့ဟာ ဂျယ်လီတုံးတွေလို ယိမ်းခါသွားခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်ရဲ့ သက်ရောက် လှုပ်ရမ်းမှုကို လော့စ်အန်ဂျလိစ်မြို့ရဲ့ အစိတ်အပိုင်း အများစု သက်ရောက် ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

ငလျင်ဟာ အရမ်း အားပြင်းတဲ့ အဆင့်မျိုး မဟုတ်သလို ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်တာမျိုးလည်း မရှိခဲ့ပါဘူး။

လော့စ်အန်ဂျလိစ် မီးသတ်ဌာနကတော့ ငလျင်ဗဟိုချက် တဝိုက်ကို အရေးပေါ် တုံ့ပြန်ကူညီရေး ဝန်ထမ်းတွေနဲ့ ကျွမ်းကျင်သူတွေ စေလွှတ်ခဲ့ပြီး လူနေ အဆောက်အအုံတွေ၊ အခြေခံ အဆောက်အအုံတွေ ထိခိုက်နိုင်ခြေကို စစ်ဆေးစေခဲ့ပေမယ့် ဘာပြဿနာမှ မတွေ့ခဲ့ကြောင်း ကနဦး ကြေညာထားပါတယ်။

မတ်လဆန်းကစလို့ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ငလျင်ငယ် အကြိမ်ပေါင်း ၄၀ လောက် လှုပ်ခတ်ခဲ့ပြီး ဖြစ်ပေမယ့် အများစုဟာ ရစ်ချ်တာစကေး ၁ အဆင့်အောက်တွေ ဖြစ်တာကြောင့် ဒေသခံတွေအတွက် မသိသာခဲ့ပါဘူး။

ပြီးခဲ့တဲ့ လတုန်းကလည်း ကယ်လီဖိုးနီးယားရဲ့ မာလီဘူး ဧရိယာနားမှာ ရစ်ချ်တာစကေး ၃.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ မနှစ်က ဒီဇင်ဘာလမှာလည်း ရစ်ချ်တာစကေး ၇ အဆင့် အင်အားပြင်း ငလျင်တစ်ခု ကယ်လီဖိုးနီးယား မြောက်ပိုင်းနဲ့ အော်ရီဂွန်ပြည်နယ် တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက် နာရီပိုင်းလောက် ထုတ်ပြန်ထားခဲ့ရဖူးပါတယ်။

အခုနှစ် အော်စကာ ဆုပေးပွဲကို မတ်လ ၂ ရက်နေ့က ကျင်းပခဲ့ရာမှာ Anora ရုပ်ရှင်က အကောင်းဆုံး ဇာတ်ကားဆု၊ မစ်ကီ မက်ဒီဆန်က အကောင်းဆုံး ဇာတ်ဆောင် မင်းသမီးဆု၊ အက်ဒရီယန် ဘရိုဒီက အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု၊ ဇိုးဆယ်လ်ဒါနာက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု၊ ကီရန်ကူလ်ကင်က အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုတွေ အသီးသီး ဆွတ်ခူး ရရှိခဲ့ကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။