Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ​မြေငလျင်လှုပ်

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

မိထက်၊ သုည /People’s Spring

ရန်ကုန်မြို့တွင်ယနေ့ (မတ်လ ၃ရက်) နံနက် ၁၀ နာရီ ၂ မိနစ်မှ ၁၀နာရီ၅မိနစ်အတွင်း ​မြေငလျင်လှုပ်သွားပြီး ​ဒေသခံပြည်သူများ သိသိသာသာခံစားခဲ့ရသည်။

“လက်ဖက်ရည်ဆိုင်ထိုင်နေတာ။ လှုပ်သွားတာ ပြင်းလွန်းတယ်။ တမြို့လုံး လှုပ်တဲ့သဘောဘဲ။ အားလုံးသိကြတယ်”ဟု အင်းစိန်မြို့ခံတစ်ဦးကပြောသည်။

စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးကလည်း “စမ်းချောင်းမှာ ငလျင်လှုပ်တာကို သိသိသာသာခံစားလိုက်ရတယ်။ အရင်ကဆို သိပ်မသိသာဘူး။ အခုက စားပွဲမှာ ထိုင်နေရင်း စားပွဲရော ထိုင်ခုံတွေပါ လှုပ်သွားတာပါ။ ယိမ်းထိုးနေတာပဲ။ အရမ်းတော့မကြာဘူး။ စက္ကန့်ပိုင်းလောက်ပဲ ရှိမယ်ထင်တယ်။ အထပ်မြင့်တိုက်ခန်းဆိုတော့လည်း ငလျင်ဆို လန့်နေရတယ်” ဟု​ပြောသည်။

Public Service Announcement

Public Service Announcement

မြေငလျင်လှုပ်သည်ကို အထပ်မြင့်အဆောက်အအုံများသာမက အထပ်နိမ့်အဆောက်အအုံများတွင်လည်း သိရှိလိုက်သည်။

စမ်းချောင်း၊ မြောက်ဥက္ကလာ၊ အလုံ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ကမာရွတ်ထောက်ကြံ့၊ တိုက်ကြီး၊ မှော်ဘီ အစရှိသည့် မြို့နယ်အများစုက သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံပြည်သူများက ပြောသည်။

သို့​သော်​မြေငလျင် လှုပ်ရှားမှု​ကြောင့်အပျက်အစီးရှိ ၊မရှိကိုမူ မသိရ​သေး​ပေ ။

ယ​နေ့လှုပ်ခဲ့သောငလျင် နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းငလျင်လှုပ်ရှားမှုများ ဖော်ပြပေးနေသည့် အမေရိကန်ဘူမိလေ့လာရေး အသင်း USGS ကမတ်လ ၃ ရက် နံနက်၁၀ နာရီ ၃မိနစ်တွင် ဧရာဝတီတိုင်းဖျာပုံမြို့နယ်အတွင်းဗဟိုပြု၍ ​မြေအနက် ၁၀ ကီလိုမီတာ၌ ရစ်ခ်ျတာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရစ်ခ်ျတာစကေး ၄ ဒဿမ ၅ မှာအင်အားအသင့်အတင့်ရှိ​သောငလျင်ဖြစ်သည်။

ရန်ကုန်သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့တွင် ငလျင် လှုပ်စေသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ရက်က ဧရာဝတီတိုင်း ကျိုက်လတ်မြို့တွင် ဒေးဒရဲ့ ပြတ်‌ရွေ့လှုပ်ရှားမှုကြောင့် ရန်ကုန်တိုင်းကော့မှူးမြို့နယ်တွင် စေတီတစ်ဆူထီးတော် ကျိုးကျခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။