Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တိုက်ပွဲစစ်ကောင်စီတပ် ၄၇ ဦးသေ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဦးကျဆုံး

ယနေ့တိုက်ပွဲတွင်သေဆုံးသွားသောစစ်ကောင်စီတပ်သားအလောင်း ၄၇ လောင်းကလေးစစ်ကောင်စီဆေးရုံသို့ရောက်လာသည်ဟုအတည်ပြုနိုင်ကြောင်း ကလေး PDF ကထုတ်ပြန်သည်။ ပြည်သူ့တပ်ဖွဲ့များဘက်က ၁ ဦးကျဆုံးခဲ့သည်။

ကလေးမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၇ ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ရုပ်အလောင်းများနှင့် ဒဏ်ရာရထားသူများ ကလေးမြို့စစ်ဆေးရုံသို့ ရောက်ရှိနေပြီဟု ဒေသခံများနှင့် ကလေး ပြည်သူ့ကာကွယ်ရေးတပ်ကသတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၃ရက်)နံနက်အစောပိုင်းမှ စတင်ကာ နတ်ချောင်းကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။သတင်းကြိုရထားသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) က စစ်ကောင်စီလမ်းကြောင်းကို မိုင်းခွဲခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ကလေး PDF ကသတင်းထုတ်ပြန်ရာတွင် ပန်းမွန်ချောင်းအနီးကျောက်ခွဲစက်တွင် ကလေးPDF ၊CNDF နှင့် ပကဖ ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီတပ်ကို စစ်ကြောင်းနှစ်ကြောင်းဖြင့် ညှပ်ပိတ်၍ ယနေ့(နိုဝင်ဘာ၃ )ရက်နံနက် ၇နာရီခွဲခန့်မှစ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၁ နာရီအထိ့အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ကလေးမြို့ ဘက်မှစစ်ကူလာသော စစ်ကောင်စီယာဥ်တန်းကိုလည်း စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထို့အပြင် စစ်ကြောင်းဖြင့်တက်လာသောစစ်ကောင်စီတပ်ကိုလည်း နတ်မြောင်းရွာအနီးတွင် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။

ယနေ့တိုက်ပွဲတွင်သေဆုံးသွားသောစစ်ကောင်စီတပ်သားအလောင်း ၄၇ လောင်းကလေးစစ်ကောင်စီဆေးရုံသို့ရောက်လာသည်ဟုအတည်ပြုနိုင်ကြောင်း ကလေး PDF ကထုတ်ပြန်သည်။ ပြည်သူ့တပ်ဖွဲ့များဘက်က ၁ ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“တောင်ပေါ်ကတိုက်ပွဲမှာ ဒဏ်ရာရခဲ့သူတွေရော လမ်းမှာ မိုင်းထိသူတွေရော အားလုံးပေါင်း ၄၀ ကျော်တော့ ကလေးမြို့စစ်ဆေးရုံမှာ ရောက်နေပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုအပြင် ယမန်နေ့ (နိုဝင်ဘာ ၂ရက်)ညနေ ၃ နာရီကျော်တွင်လည်း ကလေးမြို့တောင်ဘက်ရှိ စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် စသ်ကောင်စီတပ်က မိုင်းရှင်းရန်လမ်းလျှောက်တက်လာစဥ် ကလေး (PDF) က မိုင်းခွဲရာ ၃ ဦးသေပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။တစ်ချိန်တည်းတွင် ကလေးမြို့တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှချောင်းဂွ နတ်ချောင်းရွာဘက်သို့ စစ်ကြောင်းချီလာသောစစ်ကောင်စီတပ်ကို ကလေး (PDF)နှင့် ပ.က.ဖအဖွဲ့ တို့က ပန်းမွန်ချောင်းအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သုံးနာရီကြာတိုက်ပွဲဖြစ်ခဲ့သည်။တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံး ၊ဒဏ်ရာရမှုရှိနိုင်သော်လည်း အတည်မပြုနိုင်ခဲ့ကြောင်း ကလေး(PDF) ကထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် မော်တော်ယာဥ်များဖြတ်သန်းခြင်းမပြုလုပ်ကြရန် ၊လုံခြုံရေးသတိ့ထားပြီး လိုအပ်ပါက ဘေးကင်းရာသို့ အမြန်ရွေ့ပြောင်းနိုင်ရေး ပ့င်ဆင်ထားကြရန်လည်း ကလေး PDF ကသတိ့ပေးသည်။

နှစ်ရက်ဆက်အထိ့နာခဲ့သဖြင့်စစ်ကောင်စီတပ်များက နတ်မြောင်းရွာ၊နတ်ချောင်းရွာ၊ချောင်းခွရွာ၊ဟားခါးလေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း ၊နေအိမ်များမီးရှို့ဖျက်ဆီခြင်း၊ ပြည်သူများ၏ ပစ္စည်းများကို လုယက်ခြင်း၊ဖျက်ဆီးခြင်းများပြုလုပ်နေသည်။ လက်နက်ကြီးကျည်ဆံထိ့၍ယနေ့ညနေ ၄ နာရီအထိ့ ပြည်သူ ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရရှိကာ နေအိမ်၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း လည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီက နတ်ချောင်းရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသွားကြသည်ဟု ဒေသခံများက လူမှုကွန်ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့် တင်ထားကြသည်။ဒေသခံအမျိုးသမီးတစ်ဦး ၊အမျိုးသားတစ်ဦး လက်နက်ကြီးထိ့မှန်သေဆုံးခဲ့ပြီး ပြည်သူအားသတ်ဖြတ်သည့် စစ်ကောင်စီကို လက်တုန့်ပြန်သွားမည်ဟု PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။အကြမ်းဖက်စစ်ကောင်စီက နတ်ချောင်းရွာကို နံနက် ၆နာရီခန့်မှ ဆယ်နာရီခန့်အထိ ဝင်ရောက်မွှေနှောက်ပြီး နေ့လယ်ဘက်တွင် ပြန်ထွက်သွားသည်ဟု ဒေသခံများကပြောသည်။ ဒေသခံအများစုသည် ဘေးလွတ်ရာတွင် ကြိုတင်တိမ်းရှောင်နေခဲ့၍ ထိခိုက်မှု နည်းခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။