Connect with us

Hi, what are you looking for?

News

မန္တလေးကျောက်ဝိုင်းအနီးရှိ ကင်းစခန်းတိုက်ခိုက်ခံရ၊ ရဲတပ်ကြပ်တစ်ဦးသေ၊ ဒုရဲအုပ် ဒဏ်ရာရ

ထိုစစ်ဆင်ရေးမှာ စစ်ကောင်စီက ကျောက်မျက်ဈေးအား ဖွင့်ရန်စာထုတ်ခဲ့ခြင်းအပေါ် ဗမာ့ဇာမဏီအဖွဲ့က တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

(ကျောက်မျက်ဝိုင်းရှေ့တွင် ရဲတပ်ဖွဲ့ယာဥ် ရပ်နားထားသည်ကို ယခင်က တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗမာ့ဇာမဏီအဖွဲ့ က ထုတ်ပြန် သည်။

ယနေ့(နိုဝင်ဘာ ၄ ရက်) နံနက် ၆နာရီခွဲခန့်က မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း အနောက်မြောက်ဒေါင့် အိမ်သာအနီးတွင် စစ်ကောင်စီကင်းစခန်းတစ်ခုအား ဗမာ့ဇာမဏီအဖွဲ့၏ မြို့ပြစစ်ဆင် ရေးကော်မတီမှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်တစ်ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

ထိုစစ်ဆင်ရေးမှာ စစ်ကောင်စီက ကျောက်မျက်ဈေးအား ဖွင့်ရန်စာထုတ်ခဲ့ခြင်းအပေါ် ဗမာ့ဇာမဏီအဖွဲ့က တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဗမာ့ဇာမဏီအဖွဲ့သည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော စစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်ကောင်စီသတင်းပေး ဒလန်များ၊ စစ်ကောင်စီမှတပ်စွဲထားသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများအား ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။