Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအရေး ညှိနှိုင်းမှုတွေမှာ UNပါဝင်လာနိုင်ခြေကို အမေရိကန်နဲ့ ဆွေးနွေးခဲ့

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေမှာ ကုလသမဂ္ဂ (UN) ပါဝင်လာနိုင်ခြေကို အမေရိကန်နဲ့ ရုရှားတို့ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေမှာ ကုလသမဂ္ဂ (UN) ပါဝင်လာနိုင်ခြေကို အမေရိကန်နဲ့ ရုရှားတို့ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့ဟာ စစ်ပွဲ ရပ်ဆိုင်းရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို မတ်လ ၂၄ ရက်နေ့တုန်းက ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုဟာ ယူကရိန်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတာမျိုးထက် ဧရိယာ သတ်မှတ်ချက် ပိုကျဉ်းမြောင်းပြီး ပင်လယ်နက်မှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းစေဖို့ကို အဓိက ဦးတည်ခဲ့ပါတယ်။

အိမ်ဖြူတော်က အဲဒီ ဆွေးနွေးပွဲ အသေးစိတ် ရလဒ်တွေကို ထုတ်မပြောခဲ့ပေမယ့် အပြုသဘောဆောင်တဲ့ ကြေညာချက် တစ်ခုခုကို မကြာခင် ထုတ်ပြန်နိုင်ဖွယ် ရှိတယ်လို့ မှတ်ချက်ပေးထားပါတယ်။

ရီယတ်ဒ်မြို့က တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ရုရှား ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ယောက်ကတော့ မတ်လ ၂၅ ရက်နေ့တုန်းက Tass သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ UNနဲ့ တခြားနိုင်ငံတချို့က စစ်ရပ်ဆိုင်းရေးမှာ ဘယ်လို အခန်းကဏ္ဍမျိုးနဲ့ ပါဝင်နိုင်မလဲ ဆိုတာကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိစ္စတိုင်းကို ရှုထောင့်ပေါင်းစုံက ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွေဟာ စိန်ခေါ်မှုတွေ များပြီး စိတ်မသက်မသာ အခြေအနေတွေလည်း ရှိခဲ့ကြောင်း၊ ဒါပေမဲ့ ရုရှားအတွက်ရော၊ အမေရိကန် အတွက်ပါ အများကြီး အသုံးဝင်ခဲ့ကြောင်း ရုရှား လွှတ်တော်အမတ် ဂရီဂိုရီ ကာရာဆင်က ပြောပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှား-အမေရိကန် နောက်ထပ် ဆွေးနွေးမှုတွေ ရှိလာမှာဖြစ်ပြီး UNအပြင် အမည်မဖော်ပြနိုင်သေးတဲ့ တခြားနိုင်ငံ တချို့လည်း ပါဝင်လာနိုင်ခြေ ရှိတယ်လို့ ရုရှား သံအရာရှိဟောင်း တစ်ဦးလည်းဖြစ်တဲ့ ကာရာဆင်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

နောက်ပြီး UNနဲ့ နိုင်ငံတချို့က ပါဝင်ဆွေးနွေးလာဖို့ ဆိုတာကို အမေရိကန်ရော၊ ရုရှားကပါ လိုလားကြတယ်လို့လည်း သူက ဆိုပါတယ်။

ရုရှား ကိုယ်စားလှယ် အဖွဲ့နဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးကတော့ ဆွေးနွေးပွဲမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ဝါရှင်တန်နဲ့ မော်စကိုမှာရှိတဲ့ အစိုးရတွေဆီ ပြန်လည် တင်ပြထားပြီး တရားဝင် မထုတ်ပြန်ခင် အတည်ပြုချက်တွေ စောင့်ဆိုင်းနေဆဲလို့ ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။