Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အိမ် ၆လုံးပျက်စီး၊ စစ်​ဘေး​ရှောင်စခန်းကိုပါပစ်၍ပြည်သူတစ်ဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများ၏စစ်ရှောင်စခန်းကိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍အမျိုးသမီးတစ်ဦးလည်းထိမှန်ဒဏ်ရာရခဲ့ကြောင်းလည်းပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးအများ အပြားပစ်ခတ်​သောကြောင့်ဖယ်ခုံမြို့နယ်ရှိခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတို့ရှိ လူနေအိမ်(၆)လုံးခန့်ပျက်စီးခဲ့​ကြောင်းPDF (ဖယ်ခုံ)က ယနေ့ ထုတ်ပြန် သည်။

နိုဝင်ဘာ ၅ ရက် နံနက် ၈ နာရီ အချိန် မှညနေ ၂နာရီ အချိန်ထိ အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲပြင်းထန်ခဲ့သည်။တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးစစ်ကောင်စီ ၏ထိခိုက် ကျဆုံးမှုကိုအတည်မပြုနိုင်သေးကြောင်း PDF (ဖယ်ခုံ)၏ထုတ်ပြန်ချက်တွင်​ဖော်ပြသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ရွာအတွင်းလက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်၆ လုံးပျက်စီးခဲ့သည်။ ဓါတ်ပုံ- PDF(ဖယ်ခုံ) )

အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများ၏စစ်ရှောင်စခန်းကိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍အမျိုးသမီးတစ်ဦးလည်းထိမှန်ဒဏ်ရာရခဲ့ကြောင်းလည်းပါရှိသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တော်ကျေးရွာ အရှေ့ဘက်တောင်ကြောတွင်တပ်စွဲထားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား နိုဝင်ဘာ ၂ရက်ကစ၍ယ​နေ့အထိ့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးကြောင်းထုတ်ပြန်ထားသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ရွာအတွင်းလက်နက်ကြီးဖြင့်ပစ်ခတ်၍ ​နေအိမ်၆ လုံးပျက်စီးခဲ့သည်။ ဓါတ်ပုံ- PDF(ဖယ်ခုံ) )

စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အတွင်း ထိုးစစ်ကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည် လွိုင်ကော် PDF ၊ဖယ်ခုံ PDF ၊KA ၊ဒီးမော့ဆို PDF ၊အလယ်ပိုင်းတိုင်း PDF ၊ KGZ ၊KNDF စသည့်တို့က ပူးပေါင်း၍ခုခံစစ်ဆင်နွှဲနေခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကြောင့် ဖယ်ခုံမြို့တွင်း တိုက်ပွဲကို လတ်တလောဆင်နွှဲမည်မဟုတ်ကြောင်းလည်းPDF (ဖယ်ခုံ)က ယနေ့ ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။