Connect with us

Hi, what are you looking for?

သတင်း

အင်း​လေး၊​ကေလာရွာတွင် ငလျင်​ကြောင့်သေဆုံးသူ၅၀ ​ကျော်

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ကေလာရွာတွင် ငလျင်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာကြောင်းဒေသခံအချို့ကလူထုနွေဦးသို့ ပြောသည်။

ငလျင်​ကြောင့်​သေဆုံးသူများ၏ နာ​ရေးအခမ်းအနားကိုအင်း​လေး၊​ကေလာရွာတွင် မတ် ၂၉ ရက်ကပြုလုပ်စဥ်။ ဓါတ်ပုံ-CJ

▪︎”အဆောက်အဦးတွေက ပြိုကျပြီးရေထဲကိုဖိချသွားတယ်။အဲ့ဒါကြောင့်ရေနစ်ပြီး မိသားစုလိုက်တွေသေကြတယ်”

  • – ကယ်ဆယ်​ရေးလုပ်​နေ​သော​ဒေသခံတဦး

မတ်-၂၉၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ကေလာရွာတွင် ငလျင်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာကြောင်းဒေသခံအချို့ကလူထုနွေဦးသို့ ပြောသည်။

လူဦးရေ ၁,၀၀၀ ကျော်ရှိသော ကေလာရွာသည် ဖောင်တော်ဦးဘုရားအနီးတွင်ရှိကာ ယမန်နေ့

Public Service Announcement

Public Service Announcement

(မတ်လ ၂၈ ရက်)က ပြင်းထန်သည့် ငလျင်ဒဏ်ကိုခံစားခဲ့ရပြီး ရေပေါ်တွင် ဆောက်ထားသည့် နေအိမ်အလုံး ၃၀ ထက်မနည်း နစ်မြှုပ်ခဲ့ကြောင်း အသိပေးသည်။

“အဆောက်အဦးတွေက ပြိုကျပြီးရေထဲကိုဖိချသွားတယ်။အဲ့ဒါကြောင့်ရေနစ်ပြီး မိသားစုလိုက်တွေသေကြတယ်”ဟု ကေလာရွာတွင် ကူညီရေးလုပ်နေသူတစ်ဦး က လူသေဆုံးမှုများရသည့်အ​ကြောင်းကို ရှင်းပြသည်။

လက်ရှိတွင် ကူညီကယ်ဆယ်မှုများ မလောက်ငှခြင်း နှင့်အတူဆေးဝါးနှင့်အစားအသောက်များအရေးပေါ် လိုအပ်နေကြောင်းလည်း ၎င်းက မေတ္တာရပ်ခံသည်။

“အလောင်းတွေ့တာ ဒီနေ့နဲ့ဆို ငါးဆယ်ကျော်ပြီ။ကေလာ တစ်ရွာထဲကပါ”ဟု အင်းလေးဒေသ ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အင်းလေးဒေသတွင်ကေလာရွာအပြင်ဟဲယာရွာမ ၊ သလဲဦးအင်း နှင့် နန်းပန် တို့တွင်လည်း နေအိမ်များပျက်စီးကာ လူထိခိုက် သေဆုံးသူ ၃၀ ထက်မနည်းရှိကြောင်း မတ်လ ၂၈ ရက်တွင်ကနဦးရရှိထားသည့် အချက် အလက်များအရ သိရသည်။

အင်းလေးလူထုလှုပ်ရှားမှု(Voice Of Inlay )၏ မတ်လ ၂၈ ရက်သေဆုံးထိခိုက်မှု အချက် အလက်များအရ နန်းပန်ရွာ ၂၅ ဦး နှင့် ရွာမ ၅ ဦး နှင့် ကေလာရွာ ထိခိုက်မှုများမည်ဟု မတ်လ ၂၈ ရက်က ကအသိ​ပေးထားသည်။ထို​ကြောင့် ကနဦးသတင်းအရပင် ​သေဆုံးမှု ၈၀​ကျော်ရှိ​နေပြီဖြစ်သည်။

“အင်းလေးဒေသ ရေပေါ်ကရွာတွေ ငလျှင်ဒဏ်ကြောင့်မနည်းမနောပျက်စီးရ။ လူသေတာတွေ လည်းရှိတယ်။မြေပေါ်မှာလို ကုပ်အားမရှိတော့ အိမ်အလုံးလိုက်တွေ လဲကျ ပြိုကျ ပျက်စီး သေဆုံးကြရတယ်”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။

စစ်​ကောင်စီကမူ ငလျင်​ကြောင့် အ​ရေး​ပေါ်အ​ခြေအ​နေကို​ကြေညာရာတွင် ​တော်လှန်​ရေးအဖွဲ့များက အပြည့်အဝနီးပါးထိန်းချုပ်ထား​သော ရှမ်းပြည်နယ်​မြောက်ပိုင်းကိုသာ ထည့်သွင်းခဲ့ပြီးကျန်​ဒေသများကို မထည့်သွင်း​ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။