Connect with us

Hi, what are you looking for?

News

ကလေး-ဂန့်ဂေါလမ်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်ဝင်ရောက်ပြီး နေအိမ်အချို့မီးရှို့၊ ပစ္စည်းများယူဆောင်

စစ်ကောင်စီတပ်ယာဉ်တန်း ၃၀ကျော်တွင် လူအနည်းငယ်သာ ပါသည်ဟုသိရပြီး ကျေးရွာများရောက်တိုင်း ဆန်အပါအဝင် ပြည်သူလူထု၏ ပစ္စည်းများတင်ဆောင်နေသည်ဟုကြားရကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင် ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင် စီတပ်များ ဝင်ရောက်ပြီး နေအိမ်အချို့မီးရှို့ကာ ပပစ္စည်းများယူဆောင်သွားကြောင်း ဂန့်ဂေါနယ်ခံအချို့က ပြောသည်။

နိုဝင်ဘာ ၅ရက် မွန်းလွဲပိုင်းက ကလေး- ဂန့်ဂေါလမ်းရှိ နှမ်းခါးရွာသို့ စစ်ကောင်စီတပ်မှ ကား ၃၄ စီး ရပ်နားပြီး ကျေးရွာရှိ နေအိမ်တံခါးများ ရိုက်ချိုးကာ ပစ္စည်းများ ခိုးယူသွားကြောင်း နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်ထား သည်။

ထို့အပြင် ရဲလှရွာလမ်းခွဲရှိ နေအိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်များက မီးရှို့သွားကြောင်း ဖော်ပြထား သည်။

ယနေ့(နိုဝင်ဘာ ၆ရက်)တွင်လည်း မွှေ့လည်ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့နေသည်ဟု သတင်းရကြောင်း မြင်သားရွာခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မွှေ့လည်မှာ အိမ်တစ်အိမ်ကို မီးရှို့တယ်တဲ့။ ဆက်ပြီး ရှို့လား မရှို့လားတော့ မသိသေးဘူး။ လမ်းမကြီးဘေးရွာတွေလေ။ လမ်းမကြီးဘေးဆိုပေမယ့် ဝင်စရာအကြောင်းမရှိဘူးလေ လမ်းပေါ်သွားရုံပဲ။ သူတို့က ရွာထဲကိုဝင်ပြီး ပစ္စည်းတွေသယ်တယ် အဲဒီလို လုပ်နေတာ။ မနေ့က ကျွန်မို့ ရွာဘက်တွေဆိုရင်လည်း သူတို့ထွက်လာပြီဆိုက တည်းက ထွက်ပြေးတယ်လေ။ရွာတွေက ထွက်ပြေးတော့ သူတို့ကပစ္စည်းတွေဘာတွေတင်တယ်။ အဲဒါ သေချာပေါက်ပဲ”ဟု မြင်သားရွာခံက ပြောသည်။

စစ်ကောင်စီတပ်ယာဉ်တန်း ၃၀ကျော်တွင် လူအနည်းငယ်သာ ပါသည်ဟုသိရပြီး ကျေးရွာများရောက်တိုင်း ဆန်အပါအဝင် ပြည်သူလူထု၏ ပစ္စည်းများတင်ဆောင်နေသည်ဟုကြားရကြောင်း ၎င်းက ဆိုသည်။

“ကလေးနယ်စပ်က ရွာမှာဆန်အိတ်တွေ ကားနှစ်စီးလောက်တင်တယ်ပြောတယ်။ လူက နည်းပြီးကားအများကြီးနဲ့ထွက်လာတာလေ။ ၃၅စီးလို့ ပြောနေကြတယ်။ ဟိုးနားမှာ ၁၀စီး ဟိုရွာမှာ ၁၅ စီး အဲဒီလို လုပ်တာ။သူတို့က အကွက်ဆင်တာ ၊ရွာထဲက ထွက်ပြေးတယ်ဆို ပစ္စည်းတင်တာအဲဒီလိုလုပ်တာ” ဟု မြင်သားရွာခံက ပြော သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာဒုတိယပတ်မှစ၍ မြင်သား၊ နှမ်းခါးအပါအဝင် အဆိုပါဒေသရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို သတ်ဖြတ်ခြင်း၊ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ နှမ်းခါးရွာတွင် စစ်ကောင်စီတပ်က လေးကြိမ် မီးရှို့ခဲ့ရာနေအိမ် ၆၀ကျော် မီးလောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ရှိ မြို့ပြနှင့် ကျေးရွာကိုလည်း ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများ လုယူမှုများပြုလုပ်နေသည်။

ဓာတ်ပုံ – နှမ်းခါးလူငယ်အဖွဲ့

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။