Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပျက်စီးခဲ့သည့် လားရှိုးရှိ နေအိမ်များအတွက် MNDAA က တစ်အိမ်လျှင် ကျပ်သိန်း၅ဝ ပေးအပ်

၁၀၂၇စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့်ပျက်စီးခဲ့ရသည့် လားရှိုးမြို့ရှိ နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်သိန်း၅ဝကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့(ဧပြီ ၇ရက်) ပေးအပ်ခဲ့သည်။

၁၀၂၇စစ်ဆင်ရေးကာလအတွင်း ပျက်စီးခဲ့သည့် လားရှိုးမြို့ရှိ နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်သိန်း၅ဝ MNDAAပေးအပ်နေစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဧပြီ ၇၊၂၀၂၅။ဇော်ရမ်း၊ဟန်​နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့်ပျက်စီးခဲ့ရသည့် လားရှိုးမြို့ရှိ နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်သိန်း၅ဝကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့(ဧပြီ ၇ရက်) ပေးအပ်ခဲ့သည်။

အထူးဒေသ(၁)လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ တိုက်ပွဲကာလအတွင်းနေအိမ်ပျက်စီးဆုံးရှုံးသွားသော ပြည်သူများ၏ အိမ်၃၀၉လုံးအတွက် ကျပ်သိန်းပေါင်း ၁,၅၄၅,၀၀၀,၀၀၀

ထောက်ပံ့ပေးအပ်ခဲ့သည်ဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အခြား‌သောနေအိမ်ပျက်စီးမှုများစွာရှိ‌သော်လည်း နေအိမ်အလုံးစုံပျက်စီး သူကိုသာ ထောက်ပံ့ကြေး ပေးမည်ဖြစ်ပြီး စာရင်းတွင်ပါဝင်ပြီး အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများတွင် အုပ်ချုပ်ရေးမှူး၊နယ်မြေမှူးများ၏ ထောက်ခံချက်ဖြင့်သွားရောက်ထုတ်ယူနိုင်ကြောင်း ကိုးကန့်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်ကို ထပ်မံ ထုတ်ပြန်ထားသည်။

ယခု ထောက်ပံ့ငွေပေးအပ်မှုသည် တိုက်ပွဲအတွင်း နေအိမ်ပျက်စီးမှုများနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် ငွေကြေးထောက်ပံ့မှုပေးအပ်ခြင်းဖြစ်ဟု MNDAAနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲကာလအတွင်းမှာ ထိခိုက်တဲ့ဟာတွေကို ပေးတာပေါ့။ အဓိက ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်တွေကို ပေးတာ”ဟု ၎င်းက ပြောသည်။

” ငွေလက်ခံရရှိပါတယ်။ ဒါပေမယ့် ဒါက အ‌ဖြေမဟုတ်ပါဘူး။ လားရှိုးအုပ်ချုပ်ရေးပုံစံက ဘာဆက်ဖြစ်မှာလဲဆိုတာကိုပဲကျွန်မတို့စိတ်ဝင်စားတာပါ။ ကိုးကန့်အနေနဲ့က အခုထိ သေသေချာချာမပြောသေးပါဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAAပူးပေါင်းတပ်က၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် လာမည့်ရက်ပိုင်းအတွင်း MNDAA ပြန်ဆုတ်ခွာမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

MNDAA က ခန့်ထားပြီး မြို့အုပ်ချုပ်ရေးယန္တရားကို ပါဝင်ဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများသည် မတ်လနှောင်းပိုင်းမှစ၍ လောက်ကိုင်မြို့သို့ အသုတ်လိုက်ထွက်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

MNDAA အနေဖြင့် လားရှိုးမြို့ လက်ရှိအခြေအနေကို တိတိကျကျ ထုတ်ပြန်ပေးရန် မြို့ခံများက တောင်းဆိုနေသည်။ လက်ရှိသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသော်လည်း MNDAAကမူ နှုတ်ဆိတ်နေဆဲဖြစ်သည်။

MNDAA အုပ်ချုပ်မှုအောက်တွင် လုပ်ငန်းခွင်ဝင်နေသည့် CDMဝန်ထမ်းများသည် စစ်ကောင်စီ၏အုပ်ချုပ်မှုအောက်သို့ပြန်လည်ရောက်ရှိမည်ကို စိုးရိမ်နေကြသည်။။

တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့သည့်နေအိမ်များအတွက် ငွေကြေးထောက်ပံ့သည့်သတင်းထုတ်ပြန်မှုတွင် အထူးဒေ(၁)လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီသည် မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်လုပ်ဆောင်င်ခဲ့သည့်အပြင် ဒေသခံပြည်သူများအတွက် ဘာ‌သာရေးဆိုင်ရာ ပွဲတော်များ၊တိုင်းရင်းသားရိုးသားပွဲတော်များကို ကန့်သတ်မှုမရှိ လွတ်လပ်စွာကျင်းပပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။