Hi, what are you looking for?
ဒီပ/People’s Spring ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာတွေကို စိတ်ကြိုက်သုံးပြီး ခေတ်မီတပ်မတော်ဆိုကာဟန်ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အခြေအနေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်ရေးကြီးတစ်ခုရှိပါတယ် ။ စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်လောက်ထိကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံးကောင်ရုပ်ပုံတွေကို စစ်တပ်ရုံးတွေ၊စခန်းတွေမှာ ဇောက်ထိုးထား ယတြာချေခဲ့ရတယ်အထိ စစ်အုပ်စု ကယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်ရေးလို့ခေါ်ပါတယ် ။ ၁၀...
ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။
၁၀၂၇စစ်ဆင်ရေး (၁)နှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်ခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၄၀ ဦးသေဆုံးကာ ၆၇၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)၏ အဆိုပါစစ်ဆင်ရေးအနှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။