Connect with us

Hi, what are you looking for?

News

ကွမ်းခြံကုန်းတွင်စစ်ကောင်စီကားတိုက်ခိုက်ခံရပြီး ၇ ဦးသေ ၊၁၃ ဦးဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သပ်၍စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ကမှန်ကန်ကြောင်း BBC သို့ ဖြေကြားထားသည်။သို့သော် သေဆုံး ထိခိုက်မှုကိုမူ ပြောကြားထားခြင်းမရှိပေ။

ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာအနီးလမ်းမပေါ်ကင်းလှည့်လာသောအာဏာသိမ်းစစ်ကောင်စီကားကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(နိုဝင်ဘာ၆ ရက်)သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့် ပါသောစစ်ကားကို လျှပ်တပျက်တိုက်ခိုက် မှုမှာ နိုဝင်ဘာ ၅ ရက် ည ၁၀ နာရီဝန်းကျင်တွင်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF) ၏ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က “ပျံလွှားအောင်” ဟုအမည်ပေးထားသောစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားအသိပေးသည်။

အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သပ်၍စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ကမှန်ကန်ကြောင်း BBC သို့ ဖြေကြားထားသည်။သို့သော် သေဆုံး ထိခိုက်မှုကိုမူ ပြောကြားထားခြင်းမရှိပေ။

စစ်ဆင်ရေးဆောင်ရွက်ခဲ့သော တော်လှန်ရေး ရဲဘော်များအားလုံး ဘေးကင်းလုံခြုံမှု ရှိပြီဖြစ် ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။ထိုအပြင် ယခုထက်ကြီးမားသော စစ်ရေးတိုက်ခိုက်မှုများ ကို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးနယ်မြေအတွင်းတွင်ဆက်လက်ပြုလုပ်သွားမည်ဟုလည်းတစ်ဆက်တည်ကြေညာ
ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook