Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ရေးစစ်ပွဲမှာ အနိုင်ရတဲ့နိုင်ငံ မရှိဘူးလို့ ရှီကျင့်ဖျင် သတိပေး

ကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။

AFP

ကုန်သွယ်ရေး စစ်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ရဲ့ အတွေးအမြင် ဆောင်းပါးထဲမှာ ရေးသားထားခဲ့ပါတယ်။

အရှေ့တောင်အာရှ သုံးနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အဖြစ် ဧပြီ ၁၄ ရက်နေ့မှာ ဗီယက်နမ်ဆီ မသွားရောက်ခင်မှာ ရှီက အခုလို သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ အလုံးအရင်း မြှင့်တင်ခဲ့ပြီး တရုတ်ကလည်း လက်တုံ့ပြန်နေတဲ့နောက် ကမ္ဘာ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင်မှုတွေ ဖြစ်လာချိန်မှာ ရှီက ဗီယက်နမ်ရဲ့ Nhan Dan သတင်းစာ ဆောင်းပါးမှာ အခုလို ရေးသားထားခဲ့တာပါ။

သူ့ရဲ့ဆောင်းပါးထဲမှာတော့ အခွန်တိုးမြှင့် စည်းကြပ်မှုတွေ၊ ကုန်သွယ်ရေး စစ်ပွဲတွေမှာ ဘယ်နိုင်ငံမှ အနိုင်ရတာ မရှိကြောင်း၊ ပြည်ပယှဉ်ပြိုင်မှုကို ကာကွယ်ဖို့ အခွန်တိုးကောက်တဲ့ ဝါဒမှာ ဘာအကျိုးရလဒ်မှ မရှိကြောင်း ရှီက ဆိုပါတယ်။

သူက ဗီယက်နမ် အနေနဲ့လည်း နိုင်ငံပေါင်းစုံနဲ့ ထိတွေ့ ဆက်နွှယ်တဲ့ ကုန်သွယ်ရေးစနစ်၊ တည်ငြိမ်တဲ့ ကမ္ဘာ့ ကုန်ထုတ်ကဏ္ဍနဲ့ ကုန်ကြမ်းထောက်ပံ့နိုင်စွမ်း၊ ပွင့်လင်းပြီး စည်းလုံးတဲ့ နိုင်ငံတကာ ဝန်းကျင်တွေကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားစေလိုကြောင်း ဆောင်းပါးထဲမှာ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က တရုတ် သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်လာချိန်မှာ ရှီဟာ အရှေ့တောင်အာရှနဲ့ ကုန်သွယ်ရေးကို ပိုမိုမြှင့်တင်နိုင်ဖို့ အခုခရီးစဉ်မှာ အားထုတ်ဖွယ် ရှိနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ရှီဟာ ဗီယက်နမ်သာ မကဘဲ ကမ္ဘောဒီးယားနဲ့ မလေးရှား နိုင်ငံတွေဆီလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ကုန်ထုတ်ကဏ္ဍမှာ အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်လာနေတဲ့ ဗီယက်နမ်ဟာလည်း နိုင်ငံရဲ့ ပို့ကုန်တွေကို တန်ဖိုးရဲ့ ၄၆ ရာခိုင်နှုန်း အခွန်တိုးကောက်မယ်ဆိုတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့ဩ စိတ်ပျက်နေပါတယ်။

ရှီရဲ့ ခရီးစဉ်အတွင်း တရုတ်နဲ့ ဗီယက်နမ်တို့ဟာ ကဏ္ဍပေါင်းစုံအတွက် သဘောတူညီမှု စုစုပေါင်း အခု ၄၀ လောက်ကို လက်မှတ်ရေးထိုးသွားမယ်လို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။