Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ရေစကြို မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဧပြီ ၁၅ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ရေစကြို မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးပစ်ခတ်နေသည်ကို တွေ့ရစဉ်

ဧပြီ ၁၅၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ရေစကြို မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဧပြီ ၁၅ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ရေစကြိုမြို့အခြေစိုက် အမှတ်(၂၅၈)ခြေလျင်တပ်ရင်း(ခလရ -၂၅၈)မှ စစ်ကြောင်းထိုးလာသော အင်အား၁၅၀ပါ စစ်ကြောင်းအား ကံသစ်ကျေးရွာအနီး၌ ဧပြီ ၁၃ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားလေးဦး အပြင်းအထန်ရရှိပြီး လက်နက်များကောက်ယူရန် ကြိုးပမ်းခဲ့သော်လည်း အင်အားကွာဟမှုကြောင့် ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့(ဧပြီ ၁၄ရက်)တွင် ခလရ(၂၅၈)တပ်ရင်းမှ စစ်ကောင်စီတပ်စစ်ကြောင်း နောက်တစ်ခုထွက်ရှိလာပြီး ကံသစ်ကျေးရွာ၌ပင် ထပ်မံရောက်ရှိနေကြောင်း အသိပေးသည်။

ကံသစ်ကျေးရွာသည် ရေစကြိုမြို့၏ အနောက်ဘက်ခြမ်းတွင်ရှိပြီး ပခုက္ကူ-ရေစကြို ရထားလမ်းပိုင်းဘေးတွင် ရှိသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပခုက္ကူခရိုင်တပ်ရင်း(၉)နှင့် ပူးပေါင်းခုခံနေကြောင်းလည်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှ မတ်လ ဒုတိယပတ်အထိ ရေစကြိုမြို့နယ်ကို စစ်ကြောင်းထိုးခဲ့ဖူးပြီး ပြည်သူ ၁၈ဦးထက်မနည်းသတ်ဖြတ်ခဲ့ကာ ကျေးရွာ ၂၀ခန့်ကို မီးတင်ရှို့ခဲ့သည်။

ရေစကြိုမြို့တွင် စစ်ကောင်စီ၏ ခလရ (၂၅၆၊၂၅၇)နှင့် (၂၅၈)တပ်ရင်းများ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။