Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်ကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ၊ အမျိုးသမီးနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဥ်။ ဓာတ်ပုံ - Chaung U Revolution၊CJ

မေ-၁၂၊ ၂၀၂၅။ရှိန်း၊ရဲ​ခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

ဒီနေ့ မနက် ၉နာရီအချိန်ခန့်က မှန်ချိုကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက်ကပ်လျက်က နေအိမ်တွေပေါ်ကျပြီး အသက် ၅၀နဲ့ ၄၅နှစ်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဘာမှမရှိဘူးဗျ။ သပ်သပ်လာကြဲသွားတာပဲ။ ရွာထဲကိုကြဲတာ။ပြင်းထန်ဒဏ်ရာရတာကို၄ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့ အများစုက အမျိုးသမီးတွေပဲ။ အမျိုးသား၂ယောက် လောက်ပဲပါတယ်”လို့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများတွင်သုံးလသားအရွယ်မိန်းကလေးတစ်ဦး ၊ ၁၀ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးဖြစ်သည်ဟု ချောင်းဦးမြို့နယ်တွင်နေထိုင်သူတစ်ဦးက အသိပေးသည်။

“နေ့စဉ်ရက်ဆက်သလို လက်နက်ကြီးပစ်ခတ်မှုတွေ စစ်တပ်သုံးလေထီးတွေ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ကြရတဲ့ပြည်သူများစွာရှိတယ်။ကျတော်တို့ကိုယ်တိုင်လည်း လက်နက်ကြီးဘေးမှလွတ်မြောက်ခဲ့ရပါတယ်” ဟု​ဒေသခံတဦးက​​ပြောသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုဇာနည်သိန်းကလည်း “တံတားဦးကတက်ပုံတောင်ပုံညာဘက်ထိဝဲ ယောင်ပြလုပ်ပြီး ချောင်းဦးကြဲတယ်။နောက်တစ်စီးက စစ်ကိုင်းမြောက်ခြမ်းဝဲပြီး တံတားဦးပြန်ဆင်းတယ်။ပထမအစီး ချောင်းဦးကြဲနေတုန်း တံတားဦးက နောက်တစ်စီးတက်ပြီး ဒီပဲယင်းကစာသင်ကျောင်းကြဲတယ်။ပြည်သူ့နေအိမ်တွေ ကျေးရွာတွေကို ဗုံးကြဲတာကို ‌ယောင်ပြ ဝဲပြပြီး အငိုက်ကို ကြဲချတာပါ။ရန်သူက ရန်သူပီသပါတယ်”ဟုပြောသည်။

မေလ ၁၀ရက်ကလည်း ချောင်းဦးမြို့နယ် အနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ အလှူမှာ ရှင်ပြုမယ့် ကလေးငယ်နဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်။

စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်တွေကို အဓိက ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့လည်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင် ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးနဲ့ ဆရာတွေအပါအဝင် ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။