Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်ကို စစ်တပ်လေယာဉ်နဲ့ဗုံးကြဲ၊ အမျိုးသမီးနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဥ်။ ဓာတ်ပုံ - Chaung U Revolution၊CJ

မေ-၁၂၊ ၂၀၂၅။ရှိန်း၊ရဲ​ခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

ဒီနေ့ မနက် ၉နာရီအချိန်ခန့်က မှန်ချိုကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက်ကပ်လျက်က နေအိမ်တွေပေါ်ကျပြီး အသက် ၅၀နဲ့ ၄၅နှစ်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဘာမှမရှိဘူးဗျ။ သပ်သပ်လာကြဲသွားတာပဲ။ ရွာထဲကိုကြဲတာ။ပြင်းထန်ဒဏ်ရာရတာကို၄ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့ အများစုက အမျိုးသမီးတွေပဲ။ အမျိုးသား၂ယောက် လောက်ပဲပါတယ်”လို့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများတွင်သုံးလသားအရွယ်မိန်းကလေးတစ်ဦး ၊ ၁၀ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးဖြစ်သည်ဟု ချောင်းဦးမြို့နယ်တွင်နေထိုင်သူတစ်ဦးက အသိပေးသည်။

“နေ့စဉ်ရက်ဆက်သလို လက်နက်ကြီးပစ်ခတ်မှုတွေ စစ်တပ်သုံးလေထီးတွေ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးခဲ့ကြရတဲ့ပြည်သူများစွာရှိတယ်။ကျတော်တို့ကိုယ်တိုင်လည်း လက်နက်ကြီးဘေးမှလွတ်မြောက်ခဲ့ရပါတယ်” ဟု​ဒေသခံတဦးက​​ပြောသည်။

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုဇာနည်သိန်းကလည်း “တံတားဦးကတက်ပုံတောင်ပုံညာဘက်ထိဝဲ ယောင်ပြလုပ်ပြီး ချောင်းဦးကြဲတယ်။နောက်တစ်စီးက စစ်ကိုင်းမြောက်ခြမ်းဝဲပြီး တံတားဦးပြန်ဆင်းတယ်။ပထမအစီး ချောင်းဦးကြဲနေတုန်း တံတားဦးက နောက်တစ်စီးတက်ပြီး ဒီပဲယင်းကစာသင်ကျောင်းကြဲတယ်။ပြည်သူ့နေအိမ်တွေ ကျေးရွာတွေကို ဗုံးကြဲတာကို ‌ယောင်ပြ ဝဲပြပြီး အငိုက်ကို ကြဲချတာပါ။ရန်သူက ရန်သူပီသပါတယ်”ဟုပြောသည်။

မေလ ၁၀ရက်ကလည်း ချောင်းဦးမြို့နယ် အနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ အလှူမှာ ရှင်ပြုမယ့် ကလေးငယ်နဲ့ အလှူ့ဒါယိကာအပါအဝင် ၃ဦး သေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်။

စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်တွေကို အဓိက ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့လည်း ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာ စာသင် ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးနဲ့ ဆရာတွေအပါအဝင် ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Public...

သတင်း

စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံစသည့် လူစုလူဝေးရှိရာနေရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ၍ မြေပြင်တွင် ဖွင့်လှစ်ထားသော ကြားကာလပညာရေးကျောင်းများအားလုံး ခေတ္တယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(မေလ ၂၅ရက်)တွင် ညွှန်ကြားချက် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(မေလ ၂၃ရက်)ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် သေဆုံးသူထပ်တိုးပြီး ကလေးငယ်အချို့ပါဝင် စုစုပေါင်း ၁၀ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်ခဲ့ရာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၃၃ဦး သေဆုံးခဲ့ပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းမှ ပြည်သူအများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးသည်။