Connect with us

Hi, what are you looking for?

News

မိုးဗြဲတွင် ယခုညပိုင်း စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီတပ်မှ မိုးဗြဲမြို့ထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ မလိုအပ်ဘဲ အိမ်ထဲမှ အပြင်မထွက်ကြရန် Mobye Rescue Teamက မေတ္တာရပ်ခံချက်ထုတ်ပြန်ထားသည်။ လက်နက်ကြီးထိမှန်ပါကလည်း ၎င်းတို့ထံဆက်သွယ်ရန် အသိပေးထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန် သည်။

ယနေ့(နိုဝင်ဘာ ၉ရက်) ညပိုင်းတွင် မိုးဗြဲ ပေါ်ပိုင်း မြို့ဦး/စည်ကားဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံကြားရ၍ ဒေသခံများ ထပ်မံစစ်ဘေးတိမ်း ရှောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ မိုးဗြဲမြို့ထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများ မလိုအပ်ဘဲ အိမ်ထဲမှ အပြင်မထွက်ကြရန် Mobye Rescue Teamက မေတ္တာရပ်ခံချက်ထုတ်ပြန်ထားသည်။ လက်နက်ကြီးထိမှန်ပါကလည်း ၎င်းတို့ထံဆက်သွယ်ရန် အသိပေးထားသည်။

အောက်တိုဘာလကုန်ပိုင်းက မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၂ဦး သေဆုံးပြီးကလေးအပါအဝင် ၂ဦးဒဏ်ရာရခဲ့သည်။ယင်းမတိုင်မီကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး ၂ဦးအပါအဝင် ၅ဦးဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။