Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ နောက်ဆက်တွဲငလျင်နဲ့ မိုးရွာထားလို့ လက်ပံပင်လဲကျပြီး နေအိမ်သုံးလုံးပျက်စီး

မန္တလေးမြို့၊ အမရပူရမြို့မှာ နောက်ဆက်တွဲငလျင်နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လက်ပံပင်လဲကျပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ပါတယ်။

သစ်ပင်လဲပြိုပြီးနောက် ပိမိကာ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

မေ ၁၈၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့၊ အမရပူရမြို့မှာ နောက်ဆက်တွဲငလျင်နဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လက်ပံပင်လဲကျပြီး နေအိမ် သုံးလုံး ပျက်စီးခဲ့ပါတယ်။

ဒီကနေ့ မေလ ၁၈ရက် ညနေ ၃နာရီခန့်က အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ တလိုင်းစုရွာမှာ သက်တမ်းရင့် လက်ပံပင်တစ်ပင် လဲကျပြီး နေအိမ်များပေါ် ပိမိနေ​တာကြောင့် ဖယ်ရှားရှင်းလင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် နေအိမ် သုံးလုံး၊ ဆိုင်ကယ် (၂)စီးပျက်စီးပြီး လူထိခိုက်မှု မရှိဘူးလို့

Public Service Announcement

Public Service Announcement

စံပြမေတ္တာ လူမှုကူညီကယ်ဆယ်ရေး အသင်းက အသိပေးပါတယ်။

မနေ့ညက လှုပ်ခတ်ခဲ့တဲ့ငလျင်က ပြင်းတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းထားတာကြောင့် သက်တမ်းရင့်နေတဲ့ သစ်ပင်လဲပြိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အပင်က နှစ်ရာကျော်သက်တမ်းရှိတဲ့အပင်ကြီးပါ။ လူတွေထိခိုက်မှုမရှိတာတော်သေးတယ်။”လို့ ဒေသခံတဦးကဆိုပါတယ်။

မနေ့ညကလည်း ငလျင်လှုပ်ပြီးနောက် မန္တလေးမြို့ စိနခပန်းရပ်က သစ်ပင်တစ်ပင်လဲပြိုပြီး ငလျင်ရှောင်စခန်းပေါ်ပိမိကာ သားအဖနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတာ တစ်လခွဲကျော်လာခဲ့ပေမဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နေဆဲဖြစ်ပြီး အဆောက်အအုံတချို့ပြိုကျတာတွေ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။