Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ် လေကြောင်းတိုက်ခံရ၊ ပြည်သူလေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

မေ ၁၉၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်က ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

မေလ၁၉ ရက် ဒီနေ့(မေလ ၁၉ရက်) နေ့လည်၁၂နာရီ ကျော်အချိန်မှာ မြင်းခြံမြို့နယ်၊အရှေ့ခြမ်းမှာရှိတဲ့ ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

နယ်မြေ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက “ခြေပြတ်၊လက်ပြတ်တွေ ရော၊ဒဏ်ရာရတဲ့သူတွေ အရေးကြီး နေလို့ အခု ဆေးခန်းပို့နေပါတယ်”လို့ ပြောပါတယ်။

ကန်ဆင့်ကျေးရွာဟာ ယခုတိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေရဲ့ အဝေးမှာရှိပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခင်ကလည်း မကြာခဏ လေကြောင်းတိုက်ခိုက်ခံရလေ့ရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း တံတားဦးလေတပ်က နေ မြင်းခြံ၊တောင်သာ၊နွားထိုးကြီးမြို့နယ်ဘက်ကိုလေယာဉ် တွေဖြတ်သန်းနေပြီး နေရာတချို့လည်း လေကြောင်းတိုက်ခံနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။