Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် စစ်တပ် လေကြောင်းတိုက်မှု အဘွားအို ၂ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ၂၃-၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ၂၂ရက် မနေ့ညနေပိုင်းမှာ စစ်တပ်က မန်လည်ကျေးရွာတွင်းကို Mi-35 ၂စီး၊ Gyrocopter ၂စီးနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုကြောင့် အသက် ၇၅နှစ်အရွယ် ဒေါ်ခင်ဒေါင်းညို၊ဒေါ်သိန်းပိုင်တို့ ၂ဦး ဗုံးဆံထိမှန်သေဆုံးပြီး ဉီး အောင်ကို၊ဦးမင်းနဲ့ ဒေါ်ယဉ်မာစန်းတို့ ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ကတော့ လက်နက်ကြီးနဲ့ ထုလိုက် ဝေဟင်နဲ့ လာကြဲလိုက်၊စစ်ကြောင်းထိုးပြီးရွာမီးနဲ့ရှို့လိုက်နဲ့။မနေ့ကညနေကစကြဲနေတာ။အခုပဲGyrocopterနဲ့လာချပြန်ပြီခင်ဗျ ။ဗုံးခိုကျင်းထဲကကို ဝင်လိုက်ထွက်လိုက်နဲ့ပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသူတွေအနက် ပြင်းထန်သူတွေလည်းရှိပြီး စစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျေးရွာအတွင်းက နေအိမ် ၁၀လုံးခန့် ပျက်စီးခဲ့ပြီး ယနေ့အထိ Gyrocopterတွေ နဲ့ ပျံဝဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook