Connect with us

Hi, what are you looking for?

LuduNwayOo

News

ပန်းဖာဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ ​လေးဦးဒဏ်ရာရဟု MNDAA ထုတ်ပြန်

စစ်ကောင်စီသည် လုံခမ်း ၊ ဟေးရှန် ၊ မုံးကိုးဗျူဟာ နှင့် ဖောင်းဆိုင်ဒေသ ရှိ လက်နက်ကြီးစခန်းမှ MNDAAရှိရာ ရှိကျိကျတောင်တန်းနှင့် မန်ရန်တပ်စခန်းသို့ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နှီမြို့နယ် ပန်းဖာဒေသ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ​လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ရက်က နေရာအများအပြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက ယနေ့(နိုဝင်ဘာ၁၀)ထုတ်ပြန်ရာ သိန္နီဒေသ အခြေအနေကို ဖော်ပြခဲ့သည်။

ထို့အပြင် သိန္နီဒေသ မိုင်းတင်တွင်လည်း စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် မုံးကိုးခရိုင် ပန်ရင်လပဒေသရှိ MNDAA၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာရာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါဒေသ၌ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

နိုဝင်ဘာ ၈ရက်နေ့လည်ပိုင်းတွင် မုံးကိုးခရိုင် ကွမ်သာရွာနှင့် ကွမ်လုံရွာ ၌ လှုပ်ရှားနေသောစစ်ကောင်စီသည် ကွမ်လုံရွာ အနောက်ဘက်ခြမ်းရှိ ကိုးကန့် MNDAA၏တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာရာ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် လုံခမ်း ၊ ဟေးရှန် ၊ မုံးကိုးဗျူဟာ နှင့် ဖောင်းဆိုင်ဒေသ ရှိ လက်နက်ကြီးစခန်းမှ MNDAAရှိရာ ရှိကျိကျတောင်တန်းနှင့် မန်ရန်တပ်စခန်းသို့ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်သည် နိုဝင်ဘာ ၇ရက်က တောင်ယာလုပ်ငန်းမှ ပြန်လာသည့် မုံးကိုးဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် တိုင်းရင်းသားများနေထိုင်ရာဒေသသို့ တိုက်ပွဲများ ဖော်ဆောင်နေချိန်တွင် လူ့အခွင်အရေးများချိုးဖောက်ခြင်း ၊ ပြည်သူလူထုကိုသတ် ဖြတ်ခြင်း ပြစ်မှုများ ကျူးလွန်နေ၍ ဒေသခံတို့၏ လူ့အခွင့်အရေး နှင့် အသက်အိုးအိမ်စည်းစိမ်များအတွက် အလွန်စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။