Connect with us

Hi, what are you looking for?

News

ပန်းဖာဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ ​လေးဦးဒဏ်ရာရဟု MNDAA ထုတ်ပြန်

စစ်ကောင်စီသည် လုံခမ်း ၊ ဟေးရှန် ၊ မုံးကိုးဗျူဟာ နှင့် ဖောင်းဆိုင်ဒေသ ရှိ လက်နက်ကြီးစခန်းမှ MNDAAရှိရာ ရှိကျိကျတောင်တန်းနှင့် မန်ရန်တပ်စခန်းသို့ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နှီမြို့နယ် ပန်းဖာဒေသ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ​လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ထုတ်ပြန်သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ရက်က နေရာအများအပြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက ယနေ့(နိုဝင်ဘာ၁၀)ထုတ်ပြန်ရာ သိန္နီဒေသ အခြေအနေကို ဖော်ပြခဲ့သည်။

ထို့အပြင် သိန္နီဒေသ မိုင်းတင်တွင်လည်း စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် မုံးကိုးခရိုင် ပန်ရင်လပဒေသရှိ MNDAA၏ တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်လာရာ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါဒေသ၌ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

နိုဝင်ဘာ ၈ရက်နေ့လည်ပိုင်းတွင် မုံးကိုးခရိုင် ကွမ်သာရွာနှင့် ကွမ်လုံရွာ ၌ လှုပ်ရှားနေသောစစ်ကောင်စီသည် ကွမ်လုံရွာ အနောက်ဘက်ခြမ်းရှိ ကိုးကန့် MNDAA၏တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာရာ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားကြောင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် လုံခမ်း ၊ ဟေးရှန် ၊ မုံးကိုးဗျူဟာ နှင့် ဖောင်းဆိုင်ဒေသ ရှိ လက်နက်ကြီးစခန်းမှ MNDAAရှိရာ ရှိကျိကျတောင်တန်းနှင့် မန်ရန်တပ်စခန်းသို့ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်သည် နိုဝင်ဘာ ၇ရက်က တောင်ယာလုပ်ငန်းမှ ပြန်လာသည့် မုံးကိုးဒေသခံတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် တိုင်းရင်းသားများနေထိုင်ရာဒေသသို့ တိုက်ပွဲများ ဖော်ဆောင်နေချိန်တွင် လူ့အခွင်အရေးများချိုးဖောက်ခြင်း ၊ ပြည်သူလူထုကိုသတ် ဖြတ်ခြင်း ပြစ်မှုများ ကျူးလွန်နေ၍ ဒေသခံတို့၏ လူ့အခွင့်အရေး နှင့် အသက်အိုးအိမ်စည်းစိမ်များအတွက် အလွန်စိုးရိမ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။