Connect with us

Hi, what are you looking for?

သတင်း

အတိုက်ခံ​နေရတဲ့ သေဘောဘိုးဗျူဟာအတွက် စစ်ကူစစ်သား ၆၀ကျော် ထိုင်းဘက်က​နေ ဝင်​ရောက်

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ဝေါလေမြို့နားမှာ တိုက်ခိုက်ခံနေရတဲ့ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလွှတ်ဖို့အတွက် စစ်ကောင်စီတပ်သား ၆၀ကျော်ဟာ ထိုင်းနိုင်ငံကနေတဆင့် ဖြတ်သန်းဝင်ရောက်လာတယ်လို့ ကရင်စစ်ရေသတင်းအရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။

“ထိုင်းဘက်ခြမ်းကနေဝင်လာတာဆိုတော့ ထိုင်းအစိုးရက ဘက်လိုက်ပြီး ခွင့်ပြုတာပေါ့။ ဆုံစည်းမြိုင်ကနေ စစ်ကူလာတာမှာ KNUက ကြားဖြတ်တိုက်နေပါတယ်”

— ကရင်စစ်ရေးသတင်းရင်းမြစ်

​မေ ၂၇၊၂၀၂၅။/People’s Spring

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ဝေါလေမြို့နားမှာ တိုက်ခိုက်ခံနေရတဲ့ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလွှတ်ဖို့အတွက် စစ်ကောင်စီတပ်သား ၆၀ကျော်ဟာ ထိုင်းနိုင်ငံကနေတဆင့် ဖြတ်သန်းဝင်ရောက်လာတယ်လို့ ကရင်စစ်ရေသတင်းအရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။

https://www.facebook.com/LuduNwayOo/videos/1043570220550555

မနေ့ည(မေလ ၂၆ရက်)က ထိုင်းနိုင်ငံဘက်ခြမ်း တာခ်ခရိုင်က ထိုင်းနယ်ခြားစောင့်စစ်တပ်စခန်းရှိရာ မိုဂျာကျေးရွာဘက်ကနေ နယ်စပ်ဖြတ်ပြီး ကရင်ပြည်နယ် ဆုံစည်းမြိုင်ဒေသကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)ထိန်းချုပ်ရာ ဆုံစည်းမြိုင်က နှစ်သစ်ကူးကွင်းကို ရောက်ရှိလာပြီး ဒီကနေ့(မေလ ၂၇ရက်)မှာ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူထွက်လာတယ်လို့ ဆိုပါတယ်။

အဲဒီ သေဘောဘိုးဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

” ၆၄ယောက်လို့ သတင်းရတယ်။ ထိုင်းဘက်ခြမ်းကနေဝင်လာတာဆိုတော့ ထိုင်းအစိုးရက ဘက်လိုက်ပြီး ခွင့်ပြုတာပေါ့။ ဆုံစည်းမြိုင်ကနေ စစ်ကူလာတာမှာ KNUက ကြားဖြတ်တိုက်နေပါတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဆုံစည်းမြိုင်နဲ့ သေဘောဘိုးဗျူဟာတပ်စခန်းဟာ (၃)မိုင်ကျော်သာ ကွာဝေးပါတယ်။

လက်တလောမှာ KNLAပူးပေါင်းတပ်တွေက မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေးနဲ့ သေဘောဘိုးဗျူဟာတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီ တပ်စခန်းတွေဟာ KNUတပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိပြီး မေလ ၂၀ရက်မှာ မော်ခီစခန်းကို စတိုက်ပြီး မေလ ၂၁ရက်မှာတော့ ကနဲလေးစခန်း၊ သေဘောဘိုစခန်းနဲ့ ဘလက်ဒိုတပ်စခန်းတို့ကို ဆက်လက် တိုက်ခိုက်ခံရတာပါ။

မေလ ၂၃ရက်ညပိုင်းမှာတော့ ဘလက်ဒိုတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook