Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းမှ စစ်တပ်စစ်​ကြောင်း ဖားကန့်ကိုဦးတည်ထွက်ခွာနေ

KIAနှင့် PDF က တိုက်ခိုက်ပါက လုံးခင်းဒေသကို လေကြောင်းမှ ဗုံးကြဲမည်ဟုခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်စစ်​ကြောင်းသည် ဖားကန့်မြို့ဘက်သို့ ထွက်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

စစ်တပ်စစ်​ကြောင်း လုံးခင်းမှ ဖားကန့်ဘက်သို့သွား​နေစဥ်။ဓါတ်ပုံ-CJ

■စစ်​ကြောင်းဖြတ်တိုက်ခံရလျှင် လုံးခင်းကို ဗုံးကြဲမည်ဟုခြိမ်း​ခြောက်ထား

​မေ-၂၉၊၂၀၂၅။ကဖေး/People’s Spring

KIA နှင့် PDF က တိုက်ခိုက်ပါက လုံးခင်းဒေသကို လေကြောင်းမှ ဗုံးကြဲမည်ဟုခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်စစ်​ကြောင်းသည် ဖားကန့်မြို့ဘက်သို့ ထွက်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

လုံးခင်းသို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ဒေသတွင်းရှိစစ်ကောင်စီစခန်းအချို့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ​မေလ၂၉ ရက် နံနက် ၁၀နာရီခန့်မှစတင်ကာ ဖားကန့်မြို့ဘက်သို့ ထွက်ခွာနေခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“ရပ်မိရပ်ဖတွေကို ခေါ်ပြီး ခြိမ်းခြောက်တာ။ အကယ်၍ KIA၊PDFကဖြတ်တိုက်မယ်ဆိုရင် ဗုံးကြဲမယ်ပေါ့။အဲ့လို သူတို့ အကြပ်ကိုင်ထားတယ်။ ဖားကန့်ကို သွားနေပြီ။ လူတစ်ချို့ကို လူသားဒိုင်းလုပ်ထားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

လုံးခင်းတွင် ရှိနေစဉ် မေလ ၂၈ရက်က KIA၊PDF ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးထိခိုက်မှုရှိခဲ့သည်ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။

“စနိုက်ဘာက ခေါင်းကို ထိတာ။ လုံးခင်းတံတားနားမှာ။အဲ့နားက အောင်ချမ်းသာဆေးဆိုင်ထဲသွင်းပြီး ဆေးကုသွားတယ်။နောက်ပိုင်းမှာသေသွားတဲ့ကြားတယ်”ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။

ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်မှစ၍ စစ်တပ်၊ရှမ်းနီတပ်၊ပြည်သူ့စစ်များပူး​ပေါင်းပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ကာမိုင်းမှ ထွက်လာစဥ်က အင်အား ၆၀၀ ခန့်ရှိသော်လည်း လမ်းတလျှာက် KIA၊PDF ပူးပေါင်းတပ်၏ အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး အင်အား ၁၀၀ခန့်ဖြင့်သာ လုံးခင်းသို့ ရောက်လာခြင်းဖြစ်သည်။

“အခုက လုံးခင်းမှာ ရှိပြီးသားတပ်ဖွဲ့ဝင်တွေနဲ့အတူ မော်စီဆာလမ်းကနေဖားကန့်ကို တက်နေပြီ။ အင်အားများတယ်။နောက်ပြီးလုံးခင်းမှာလည်း နောက်ချန်အင်အားတချို့ထားခဲ့တယ်”ဟု လုံးခင်းဒေသခံတဦးကပြောသည်။

လုံးခင်းသို့ ဝင်လာသည့် စစ်ကောင်စီစစ်‌ကြောင်းတွင်ရှမ်းနီ(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များပါဝင်လာပြီးဖားကန့်အထိ ရောက်အောင် စစ်

ကြောင်းဝင်နိုင်ပါက ကျောက်စိမ်းလုပ်ကွက်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

လုံးခင်းသည် ဖားကန့်နှင့် သုံးမိုင်​ကျော်သာကွာဝေးသည်။ လုံးခင်း-မှော်စီစာ-နမ္မဖြစ်-ဖားကန့်လမ်း၊ မှော်စီစာ – ဆောင်းချိန်-အမှိုက်ပုံ-ဖားကန့်လမ်း၊ လုံးခင်း-ငြိမ်းချမ်းသာယာ-မလန်း-နမ္မဖြစ်-ဖားကန့်လမ်းတို့ရှိပြီး ယခုအခါလုံးခင်း-မှော်စီစာ-နမ္မဖြစ်-ဖားကန့်လမ်းအတိုင်း စစ်ကောင်စီကသွားနေကြောင်း သိရသည်။

ဖားကန့်ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း ဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားပြီး လက်နက်ကြီးများတပ်ဆင်ထားသည်။

“ဒီမိုးတွင်းကတော့ တိုက်ပွဲတွေနဲ့ အကဲစမ်းနေမယ်ထင်တယ်။ လုံခြုံရေးသတိကတော့ အမြဲရှိနေမှ ရမယ်”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။