Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် ဆွီဒင်ရဲ့အကူအညီတွေကိုအသုံးပြုနိုင်ဖို့ NUG ဆွေးနွေး

“NUGအစိုးရဲ့ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ​ပေါ်လစီနဲ့ ဂျင်ဒါ​ပေါ်လစီအ​​​​ကြောင်းကို စိတ်ဝင်စားကြပါတယ်။ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးပမ်းသွားကြမှာပါ” ဝန်ကြီးဦးအောင်မျိုးမင်းက ဖေ့စ်ဘုတ်ကနေ အသိပေးပါတယ်။

ဆွီဒင်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးနဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ကိုရောက်ရှိနေပြီး NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရေး၊ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကို ဆွီဒင်အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။

“NUGအစိုးရဲ့ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ​ပေါ်လစီနဲ့ ဂျင်ဒါ​ပေါ်လစီအ​​​​ကြောင်းကို စိတ်ဝင်စားကြပါတယ်။ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးပမ်းသွားကြမှာပါ” ဝန်ကြီးဦးအောင်မျိုးမင်းက ဖေ့စ်ဘုတ်ကနေ အသိပေးပါတယ်။

ဝန်ကြီးဦးအောင်မျိုးမင်းနဲ့ ဝန်ကြီးဒေါက်တာလျန်မှုန်းဆာခေါင်းတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်လွှတ်​တော် နိုင်ငံခြားရေးရာ​ကော်မတီဝင်များနဲ့​တွေ့ဆုံပြီး ​ဖမ်းဆီးခံ လွှတ်​တော်ကိုယ်စားလှယ်​တွေအ​ခြေအ​နေ၊ ဖျက်ဆီးခံရတဲ့ ပါတီရုံးအ​ခြေအ​နေ​တွေအပါအဝင် လက်ရှိအ​ခြေအ​နေ​တွေကို တင်ပြ​ဆွေး​နွေးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် NUG ကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်အစိုးရ ဖွံ့ဖြိုးတိုးတက်​ရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ ​တွေ့ဆုံပြီး ဖွံ့ဖြိုး​ရေးအကူအညီ​တွေကို ဒီမိုက​ရေစီဖွံ့ဖြိုး​ရေးအတွက် အသုံးပြုနိုင်ဖို့ ​ဆွေးနွေးခဲ့ တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။