Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် ဆွီဒင်ရဲ့အကူအညီတွေကိုအသုံးပြုနိုင်ဖို့ NUG ဆွေးနွေး

“NUGအစိုးရဲ့ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ​ပေါ်လစီနဲ့ ဂျင်ဒါ​ပေါ်လစီအ​​​​ကြောင်းကို စိတ်ဝင်စားကြပါတယ်။ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးပမ်းသွားကြမှာပါ” ဝန်ကြီးဦးအောင်မျိုးမင်းက ဖေ့စ်ဘုတ်ကနေ အသိပေးပါတယ်။

ဆွီဒင်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးနဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ကိုရောက်ရှိနေပြီး NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရေး၊ မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကို ဆွီဒင်အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။

“NUGအစိုးရဲ့ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ​ပေါ်လစီနဲ့ ဂျင်ဒါ​ပေါ်လစီအ​​​​ကြောင်းကို စိတ်ဝင်စားကြပါတယ်။ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ဆက်လက်ကြိုးပမ်းသွားကြမှာပါ” ဝန်ကြီးဦးအောင်မျိုးမင်းက ဖေ့စ်ဘုတ်ကနေ အသိပေးပါတယ်။

ဝန်ကြီးဦးအောင်မျိုးမင်းနဲ့ ဝန်ကြီးဒေါက်တာလျန်မှုန်းဆာခေါင်းတို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်လွှတ်​တော် နိုင်ငံခြားရေးရာ​ကော်မတီဝင်များနဲ့​တွေ့ဆုံပြီး ​ဖမ်းဆီးခံ လွှတ်​တော်ကိုယ်စားလှယ်​တွေအ​ခြေအ​နေ၊ ဖျက်ဆီးခံရတဲ့ ပါတီရုံးအ​ခြေအ​နေ​တွေအပါအဝင် လက်ရှိအ​ခြေအ​နေ​တွေကို တင်ပြ​ဆွေး​နွေးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် NUG ကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်အစိုးရ ဖွံ့ဖြိုးတိုးတက်​ရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ ​တွေ့ဆုံပြီး ဖွံ့ဖြိုး​ရေးအကူအညီ​တွေကို ဒီမိုက​ရေစီဖွံ့ဖြိုး​ရေးအတွက် အသုံးပြုနိုင်ဖို့ ​ဆွေးနွေးခဲ့ တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။