Connect with us

Hi, what are you looking for?

သတင်း

အဆိုတော် ချမ်းချမ်းကိုယ်စားထောက်ပို့ လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်တွင်းနေသူ နှစ်ဦးကိုဖမ်းဆီး

အဆိုတော်ချမ်းချမ်းကိုယ်စား တော်လှန်ရေးအဖွဲ့တွေဆီ ငွေကြေးထောက် ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်တွင်းက အမျိုးသား ၊အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဇွန် – ၃ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

အဆိုတော်ချမ်းချမ်းကိုယ်စား တော်လှန်ရေးအဖွဲ့တွေဆီ ငွေကြေးထောက် ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်တွင်းက အမျိုးသား ၊အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းခံရသူ နှစ်ဦးဟာ အွန်လိုင်းကနေ စျေးရောင်းချသူ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်နေ မဖြူဖြူနှင်း ၊ ရန်ကုန်မြို့ ၊တောင်ဒဂုံ မြို့နေ ကိုဘုန်းမြင့်အောင် တို့ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို ဧပြီလ နဲ့ မေလ အတွင်း ဖမ်ဆီးခဲ့တာပါ။

သူတို့ နှစ်ဦးဟာ ပြည်ပရောက် အဆိုတော် ချမ်းချမ်း အွန််လိုင်းက ရောင်းချတဲ့ လူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ ဖြန့်ဖြူးတာ ၊ ရလာတဲ့ ငွေကြေးကို တော်လှန်ရေးအဖွဲ့တွေဆီ ထောက်ပံ့နေတာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးထားသူ နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာကို စစ်ကောင်စီက မဖော်ပြပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်ချမ်းချမ်းက သူရဲ့ဖေ့ဘွတ်ခ်ကနေ Live လွှင့် ပြီး အများသိရအောင် ဇွန်လ ၃ ရက်က ရှင်းလင်းထားပါတယ်။

အဆိုတော် ချမ်းချမ်းဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက အမှုဖွင့်ထားတာပါ။

အခုစစ်ကောင်စီက ဖမ်းဆီးသွားသူ မဖြူဖြူနှင်းနဲ့ ကိုဘုန်းမြင့်အောင် တို့ နှစ်ဦးဟာ သူရဲ့ အမာခံ ပရိသတ်တွေဖြစ်ပြီးသူတို့ တွေဟာ တော်လှန်ရေးနဲ့သက်ဆိုင်သူတွေ မဟုတ်ဘူးလို့ အဆိုတော်ချမ်းချမ်းက အသိပေးပါတယ်။

မဖြူဖြူနှင်းဟာ အွန်လိုင်းကနေ သာမာန်စျေးရောင်းသူနေသူဖြစ်ပြီး ကိုဘုန်းမြင့်အောင်ကတော့ သူနာပြု လုပ်ပြီးအသက်မွေးဝမ်းကျောင်းနေသူလို့ သိရပါတယ်။

အွန်လိုင်းကနေ လူသုံးကုန်ပစ္စည်း ရောင်းချလို့ရတဲ့ ငွေတွေကို ငလျင်ဘေးသင့်ပြည်သူတွေ ၊ စစ်ရှောင်ပြည်သူတွေဆီ လှုဒါန်းသာဖြစ်ပြီး မဖြူဖြူနှင်းနဲ့ ကိုဘုန်းမြင့်အောင် တို့က ကိုယ်စား လှုပေးတာလို့ အဆိုတော်ချမ်းချမ်းက ဆိုပါတယ်။

သူတို့နှစ်ဦးဟာအပြစ်မရှိဘဲ မတရား စွပ်စွဲ ဖမ်းဆီးခံရတာဖြစ်တယ်လိုလည်းအဆိုတော်ချမ်းချမ်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေဆီ ငွေကြေးထောက်ပံ့ သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁,၈၈၄ ဦး ရှိခဲ့တယ်လို့ စာရင်းပြုစုထားတဲ့ Data for Myanmar အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။