Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် သူခိုးက အိမ်ရှင်လင်မယားကို ဓါးဖြင့်ထိုး ခင်ပွန်း​သေဆုံးပြီး ဇနီးသည်ဒဏ်ရာရ

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းရှိသုခဒဂုံအိမ်ယာတွင် နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူက အိမ်ရှင်လင်မယားကို ဓားဖြင့် ထိုးသတ်သွားရာ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရသွားသည်။

ဓာတ်ပုံ - ရွှေမေတ္တာလူမှုကူညီရေးအသင်း

ဇွန်-၂၁၊၂၀၂၅။ဧရာ/People’s Spring

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းရှိသုခဒဂုံအိမ်ယာတွင် နေအိမ်အတွင်းပစ္စည်းဝင်ခိုးသူက အိမ်ရှင်လင်မယားကို ဓားဖြင့် ထိုးသတ်သွားရာ ယောင်္ကျားဖြစ်သူ သေဆုံးပြီး မိန်းမဖြစ်သူ ဒဏ်ရာရသွားသည်။

ယနေ့(ဇွန်လ ၂၁ရက်)နံနက်အစောပိုင်းတွင် သုခဒဂုံအိမ်ယာ၏ E-1 တိုက်ခန်း၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ခန်းအတွင်း သူခိုးဝင်ခိုးနေသည်ကို အိမ်ရှင်အမျိုးသားကတွေ့မြင်သွားပြီးဖမ်းရန်ကြိုးစားစဥ် သူခိုးက ဓားဖြင့် ထိုးပြေးခြင်းဟု ယင်းအိမ်ယာ၌နေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဓားနဲ့၁၉ချက်တောင်အထိုးခံရတာ။မိန်းမလည်း ဓားဒဏ်ရာတွေနဲ့။ မိန်းမဖြစ်သူကတော့ဆေးရုံမှာပါ။သူခိုးကို ဝမ်းဖမ်းတာမိတယ်”ဟု၎င်းကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွားပျက်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်လက်မဲ့လူဦးရေများပြားလာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများနှင့် ရာဇဝတ်မှုများ ပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်းရန်ကုန်မြို့ခံများကပြောသည်။

ရန်ကုန်၊မန္တလေးအပါအဝင် မြို့အများအပြား၌ လုယက်သတ်ဖြတ်မှုများ၊ရွှေဆိုင်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွား​​နေပြီး ကျူးလွန်သူများတွင် စစ်သားများ ၊ ရဲများ ၊ပြည်သူ့စစ်​ခေါ် ပျူ​စောထီးများ ကိုယ်တိုင်မကြာခဏပါဝင်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မြောင်းအဖုံးခိုးယူသူတွေ ဖမ်းမမိလို့ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက ပြည်သူကို အကူအညီ ပြန်တောင်းနေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး လူ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။