Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်လို့ အီရန်ရော၊ အစ္စရေးကိုပါ စိတ်ပျက်တယ်လို့ ထရမ့်ပြော

အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် အစ္စရေးရော၊ အီရန်ကိုပါ စိတ်ပျက်မိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

AP

အပစ်အခတ် ရပ်စဲမှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အတွက် အစ္စရေးရော၊ အီရန်ကိုပါ စိတ်ပျက်မိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ထရမ့်က အစ္စရေးနဲ့ အီရန်တို့ဟာ သူကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို လက်ခံခဲ့ကြကြောင်း လူမှုကွန်ရက်ကနေ ကြေညာခဲ့ပါတယ်။ နာရီပိုင်း အကြာမှာတော့ အဲဒီ သဘောတူညီချက်ကို ချိုးဖောက်ပါတယ်လို့ အပြန်အလှန် စွပ်စွဲရင်း အီရန်နဲ့ အစ္စရေးကြား တိုက်ခိုက်မှုတွေ ပြန်စလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးက အီရန်မှာ နောက်ထပ် အကြီးစား စစ်ဆင်ရေးအသစ်တွေ ဆက်ပြီး ဆင်နွှဲမယ်လို့ပါ ကြေညာခဲ့ပါတယ်။ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ညီလာခံ တက်ရောက်ဖို့ နယ်သာလန်ဆီ မထွက်ခွာခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ထရမ့်က အစ္စရေးရော၊ အီရန်ကိုပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို မထိန်းသိမ်းတဲ့အတွက် ပြစ်တင်သွားခဲ့ပါတယ်။

အစ္စရေးဟာ ဘယ်ကိုမှ ကျရောက် ပေါက်ကွဲမှု မရှိတဲ့ ဒုံးကျည် တစ်စင်းကို ပုံကြီးချဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဖောက်ဖျက်တယ် ဆိုတာမျိုး ခံစားနေကြောင်း၊ ဒါမျိုးက လိုလားစရာ ကိစ္စမဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။ သူဟာ အီရန်ကို စိတ်ပျက်ကြောင်း၊ ဒါပေမဲ့ အစ္စရေးကြောင့်လည်း တကယ့်ကို မပျော်နိုင် ဖြစ်ရကြောင်းလည်း ထရမ့်က ဆက်ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အစ္စရေး အနေနဲ့ ဗုံးတွေ ထပ်မကြဲချသင့်ကြောင်းနဲ့ အဲဒီလိုသာ လုပ်ခဲ့မယ်ဆိုရင် သဘောတူညီမှုကို အကြီးစား ချိုးဖောက်ရာ ရောက်မှာဖြစ်ကြောင်း၊ လေယာဉ်မှူးတွေကို ချက်ချင်း အိမ်ပြန်ခေါ်သင့်ကြောင်းလည်း ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ပြီးတော့ အစ္စရေးကို စိတ်လျှော့အောင် သူစည်းရုံးဦးမယ်လို့ အိမ်ဖြူတော်က ထွက်ခွာချိန်မှာ ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ပြီး ဒုံးကျည် ပစ်ခတ်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြီး အဲဒီအတွက် တဟီရန်မြို့ရဲ့ အချက်အခြာ နေရာတွေကို အလုံးအရင်း တုံ့ပြန်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်ကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတာကို ချိုးဖောက်ခဲ့ကြောင်း အစ္စရေးရဲ့ စွပ်စွဲချက်တွေကို ဆက်တိုက် ငြင်းဆိုထားပါတယ်။

ကိုးကား: Reuters
https://www.channelnewsasia.com/world/iran-israel-ceasefire-trump-not-happy-us-strikes-truce-violation-5200301

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။