Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်နှင့် နီးစပ်​သော ခရိုနီဦး​အောင်​အောင်​ဇော်၏ MAI က​လေယာဥ်တစ်စီးထပ်ဝယ်

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝယ်ပေးခဲ့သည့် လေယာဥ်နေရာတွင် အစားထိုးရန် Myanmar Airways International (MAI)က လေယာဥ်တစ်စီးကို ဝယ်ယူလိုက်သည်။

MAI ၏ ​လေယာဥ်အသစ် ​ ရန်ကုန်​လေဆိပ်ရောက်ရှိလာရာ ခရိုနီ ဦး​အောင်​အောင်​ဇော် နှင့် ကုမ္ပဏီမှတာဝန်ရှိသူများကကြိုဆိုပွဲလုပ်​နေစဥ်။ ဓါတ်ပုံ-MAI

ဇွန်-၂၄၊၂၀၂၅။ရဲခေါင်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝယ်ပေးခဲ့သည့် လေယာဥ်နေရာတွင် အစားထိုးရန် Myanmar Airways International (MAI)က လေယာဥ်တစ်စီးကို ဝယ်ယူလိုက်သည်။

အာဏာသိမ်း​ခေါင်း​​ဆောင်နှင့် နီးစပ်​သောခရိုနီဦးအောင်အောင်ဇော်ပိုင်သည့် MAI ၏​ဖေစ်ဘွခ်စာမျက်နှာက ဇွန် ၂၃ ရက်ညပိုင်းထုတ်ပြန်ချက်အရ ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဥ်မှာ Airbus အမျိုးအစား A319 လေယာဥ် ဖြစ်ကာ XY-ALY ဖြင့် မှတ်ပုံတင်ကြောင်း ဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလကအာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်သီးသန့်အသုံးပြုရန် ခရိုနီအောင်အောင်ဇော်က ဝယ်ပေးခဲ့ သည့်လေယာဥ်မှာလည်း Airbus အမျိုးအစား A319 ပင်ဖြစ်

Public Service Announcement

Public Service Announcement

သည်။သို့သော် နိုင်ငံတကာလေယာဥ်မှတ်ပုံတင်နံပါတ်သည် XY-ALK ဖြစ်သည်။​လေယာဥ်ကို “ပုဂံ’ဟုအမည်​ပေးထားသည်။

နိုင်ငံတကာလေကြောင်းဆိုင်ရာအချင်အလက်များ အရ Airbus A319 ၏ တစ်စီးစျေးနှုန်းသည် ဒေါ်လာ သန်း ၆၀ ထက်မနည်းရှိသည်။

“အခု MAI ဆီရောက်တဲ့လေယာဥ်က Bangkok Airways က ရောင်းလိုက်တယ်ကြားတယ်”ဟု ပြည်တွင်းရှိ လေယာဥ်မောင်းတစ်ဦးကလူထုနွေဦးသို့ ပြောသည်။

ယခုလေယာဥ်သစ်တစ်စီးအပါအဝင် MAI တွင်လေယာဉ်အင်အားစု စုစုပေါင်း ၁၁ စီး ရှိကြောင်းဆိုသည်။

အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်က တည်းက စစ်တပ်နှင့်ပေါင်း၍ လုပ်ငန်းလုပ်ကိုင်ခွင့်များ ရယူခဲ့သည် အောင်အောင်ဇော်သည် အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေး၊လျှပ်စစ်ထုတ်လုပ် ရေး၊လောင်စာဆီတင်သွင်းမှုသောအစရှိသည့် လုပ် ငန်းကြီးများကို လုပ်ကိုင်နေကြောင်းသိရသည်။

ဦး​အောင်ကိုဝင်း၏ က​​မ္ဘောဇကုမ္ပဏီအုပ်စု ပိုင်ခဲ့​သောMAI နှင့် KBZ လေကြောင်းလိုင်းတို့၏ ရှယ်ယာအများစုကို ၂၀၁၈ ခုနှစ်တွင် ဦး​အောင်​အောင်​ဇော် ၏ 24 HOUR GROUP ကဝယ်

ယူခဲ့သည်။ သို့​သော် KBZ ထံမှ MAI နှင့် KBZ ​လေ​ကြောင်းလိုင်းများဝယ်ယူခဲ့မှုကို ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန်ခဲ့ခြင်းမရှိ၍ ရာနှုန်းပြည့်အပြီးအပြတ်​ရောင်းချခြင်းလား ၊ရာခိုင်နှုန်း အများစုကို​ရောင်းချခြင်းလား ဆိုသည်ကိုမူ မသိရ​သေး​ပေ ။

စစ်တပ်အာဏာသိမ်းပြီး​နောက် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် နှင့် နီစပ်​​သော ခရိုနီ ဦး​အောင်​

အောင်​ဇော် မှာလုပ်ငန်းများပိုမိုချဲ့ထွင်လာသည်။၎င်းသည် ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များနှင့်လည်းနီးစပ်ပြီးကိုးကန့်​ဒေသတွင်လေယာဥ်နှင့် ရဟတ်ယာဥ်ကွင်းများ​ဆောက်ရန်စီစဥ်ခဲ့​သေးသည်။

ထို့အပြင်စစ်အုပ်စုအတွက် ATR ​လေ​ယာဥ်များပျံသန်းနိုင်ရန် ကူညီ​ပေး​နေ​သော ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများတွင် 24 Hour Group လည်းပါဝင်ပြီး နိုင်ငံတကာက ဒဏ်ခပ်အ​ရေးယူရန် Justice For Myanmar (JFM)က၂၀၂၄ သြဂုတ် ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။

၂၀၂၅ မတ်လတွင် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ ရုရှားခရီးစဥ်၌ လိုက်ပါခဲ့​သော ခရိုနီလုပ်ငန်းရှင်များတွင် ဦး​အောင်​အောင်​ဇော်လည်းပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။

သတင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72 လေယာဉ်တစ်စင်းဟာ ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ရပ်နားထားတဲ့ MAI ရဲ့ Airbus A319 လေယာဉ်ကိုဒီ​​နေ့မနက်ပိုင်းမှာဝင်တိုက်မိခဲ့ပါတယ်။

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံမှုကို ရုရှားသမ္မတ အိမ်တော်ဖြစ်တဲ့ကရင်မလင် နန်းတော်ရဲ့တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။