Connect with us

Hi, what are you looking for?

News

မိုးကုတ်မှာ ဗေဒင်ဆရာ မိသားစုသေနတ်နဲ့ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

ပစ်ခတ်ခံရလို့ ဗေဒင်ဆရာလင်မယား နဲ့ လူလတ်ပိုင်းအရွယ် သားသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီးကျန် ၁ ဦးက ခြေထောက် မှာဒဏ်ရာရသွားတာပါ။

မိုးကုတ်မြို့ အရှေ့ပိုင်း စွန်းလွန်းရိပ်သာအနီးမှာ နေတဲ့ဗေဒင်ဆရာမိသားစု ဟာ ဒီနေ့မွန်းလွဲပိုင်းက သေနတ် နဲ့ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။

နေအိမ်ထဲကိုသေနတ်နဲ့ဝင်ပစ်သွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်ခတ်ခံရလို့ ဗေဒင်ဆရာလင်မယား နဲ့ လူလတ်ပိုင်းအရွယ် သားသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီးကျန် ၁ ဦးက ခြေထောက် မှာဒဏ်ရာရသွားတာပါ။

ဒေသခံအချို့ကတော့ အသတ်ခံရတဲ့မိသားစုဟာ စစ်ကောင်စီသတင်းပေးဒလန်လို့ ပြောကြပြီး သူတို့ရဲ့သတင်းပေးမှုကြောင့် ဆန္ဒပြသူတွေ ၊CDM လုပ်သူတွေဖမ်းခံရတာမျိုး ရှိတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ မိုးကုတ်မြို့ဝင်နေရာတွေ ၊ မြို့တွင်းနေရာတွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

စစ်ကောင်စီသတင်းပေးဆိုပြီးနာမည်ထွက်ပေါ်နေတဲ့ မိသားစုဝင်လေးဦးသေဆုံးမှုဟာ ပတ္တမြားမြေ PDFဒလံရှင်းလင်းရေးအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ သတင်းပေးသူတွေ တိုက်ခိုက်ခံရပြီးသေဆုံးသူ ၁၅ဦးထက်မနည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook