Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးကုတ်မှာ ဗေဒင်ဆရာ မိသားစုသေနတ်နဲ့ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

ပစ်ခတ်ခံရလို့ ဗေဒင်ဆရာလင်မယား နဲ့ လူလတ်ပိုင်းအရွယ် သားသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီးကျန် ၁ ဦးက ခြေထောက် မှာဒဏ်ရာရသွားတာပါ။

မိုးကုတ်မြို့ အရှေ့ပိုင်း စွန်းလွန်းရိပ်သာအနီးမှာ နေတဲ့ဗေဒင်ဆရာမိသားစု ဟာ ဒီနေ့မွန်းလွဲပိုင်းက သေနတ် နဲ့ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။

နေအိမ်ထဲကိုသေနတ်နဲ့ဝင်ပစ်သွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်ခတ်ခံရလို့ ဗေဒင်ဆရာလင်မယား နဲ့ လူလတ်ပိုင်းအရွယ် သားသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီးကျန် ၁ ဦးက ခြေထောက် မှာဒဏ်ရာရသွားတာပါ။

ဒေသခံအချို့ကတော့ အသတ်ခံရတဲ့မိသားစုဟာ စစ်ကောင်စီသတင်းပေးဒလန်လို့ ပြောကြပြီး သူတို့ရဲ့သတင်းပေးမှုကြောင့် ဆန္ဒပြသူတွေ ၊CDM လုပ်သူတွေဖမ်းခံရတာမျိုး ရှိတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ မိုးကုတ်မြို့ဝင်နေရာတွေ ၊ မြို့တွင်းနေရာတွေမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

စစ်ကောင်စီသတင်းပေးဆိုပြီးနာမည်ထွက်ပေါ်နေတဲ့ မိသားစုဝင်လေးဦးသေဆုံးမှုဟာ ပတ္တမြားမြေ PDFဒလံရှင်းလင်းရေးအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ သတင်းပေးသူတွေ တိုက်ခိုက်ခံရပြီးသေဆုံးသူ ၁၅ဦးထက်မနည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။