Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက နိုင်ကျဉ်း ၃,၀၀၀ ကျော်ကို မိသားစုနဲ့ဝေးရာ ထောင်တွေဆီ ပြောင်းရွှေ့ခဲ့

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၃,၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ ( Myanmar Prison Witness)က ဇူလိုင် ၈ရက်မှာထုတ်ပြန်ပါတယ်။

အင်းစိန်အကျဉ်းထောင် မြင်ကွင်း (ဓာတ်ပုံ − Zayar Lwin/FB)

ဇူလိုင် – ၈ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ၂ နှစ်ခွဲကာလအတွင်း နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၃,၇၀၀ ကျော်ကို ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ ( Myanmar Prison Witness)က ဇူလိုင် ၈ရက်မှာထုတ်ပြန်ပါတယ်။

မြန်မာ့အကျဉ်းထောင်သက်သေ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့ ဌာနချုပ်မှာ ချုပ်နှောင်ထားတယ်ဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက် ထုတ်ပြန်ခဲ့ တဲ့အဖွဲ့လည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ဝေးရာ ထောင်တွေဆီ ပို့ဆောင်တာကို စစ်ဆင်ရေးတစ်ခုလို့ လုပ်ဆောင်နေတာလို့ အဲဒီအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်မှာ နိုင်ကျဉ်း ၈၈၃ ဦး ၊ ၂၀၂၄ ခုနှစ် ၁,၈၉၃ ဦး နဲ့ ၂၀၂၅ ခုနှစ် ခြောက်လတာအတွင်းမှာ ၉၅၀ ဦးကို ထောင်ပြောင်းရွေ့ခဲ့တယ်လို့သိရပါတယ်။

ထောင်ပြောင်းခံရသူတွေဟာ အင်းစိန် ၊ မုံရွာ ၊စစ်တွေ စတဲ့ထောင်တွေက နိုင်ကျဉ်းအများစုဖြစ်ပြီး ပဲခူးတိုင်းထဲက သာယာဝတီ ၊ ဒိုက်ဦး နဲ့ ဧရာဝတီတိုင်းက မြောင်းမြထောင်တွေဆီ ပြောင်းရွေ့ခံရတာလို့ မြန်မာ့အကျဥ်းထောင်သက်သေအဖွဲ့က က ဖော်ပြပါတယ်။

ထောင်တွင်းမှာ နိုင်ကျဉ်းတွေရဲ့ စည်းလုံးမှုပြိုကွဲအောင် ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ခက်ခဲအောင် ၊ စိတ်ဓာတ်ကျဆင်းစေဖို့နဲ့ ထောင်တွင်းလှုပ်ရှားမှုတွေ မဖြစ်စေဖို့အပြင် အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် စစ်ဆင်ရေးတစ်ရပ်လို ထောင်ပြောင်းရွေ့တာတွေကို လုပ်ဆောင်နေတာလို့ မြန်မာ့အကျဥ်းထောင်သက်သေ မှတ်ချက်ပြုထားပါတယ်။

အထူးသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအထိမ်းအမှတ်နေ့မျိုးတွေ​၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ လိုမျိုး နေ့ရက်တွေမှာ ထောင်တွင်း လှုပ်ရှားမှုတွေ ဖြစ်မှာ စိုးရိမ်တာကြောင့် ကြိုတင် ပြောင်းရွှေ့တာမျိုးတွေ လုပ်ဆောင်တာလို့ မြန်မာ့အကျဥ်းထောင်သက်သေအဖွဲ့ရဲ့ ဒုပြန်ကြားရေး တာဝန်ခံမဆူးငယ်က ပြောပါတယ်။

နှစ်စဉ်အကျဉ်းသားဦးရေ ၁,၅၀၀ ကနေ ၃,၅၀၀ ကြား ကို မိသားစုနဲ့ဝေးကွာတဲ့ ထောင်တွေဆီ စစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဌာနက ပြောင်းရွှေ့လေ့ရှိတယ်လို့ မြန်မာ့အကျဥ်းထောင်သက်သေအဖွဲ့ က ဖော်ပြပါတယ်။

ထောင်ပြောင်းရွေ့ခံရမှုကြောင့် နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ မိသားစုနဲ့ကွဲကွာတာ ၊ ၊ ထောင်ဝင်စာတွေ့ခွင့်ဆုံးရှုံးတာ ၊ မိသားစုက ထောင်ဝင်စာ ပါဆယ်ပေးပို့ အတွက််အခက်အခဲ ရှိသွားတာ အပြင်ပြောင်းရွှေ့တဲ့ ထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုတွေကို ကြုံ့တွေ့ရပါတယ်။

ထောင်ပြောင်းရာမှာလည်း ကာယကံရှင်ရဲ့ မိသားစုဝင်တွေကို ကြိုတင်အသိပေးတာမျိုးမရှိတာ ၊ ညသန်းခေါင်ယံနဲ့ အာရုဏ်ဦးချိန်တွေမှာ ပြောင်းရွှေ့တတ်ပြီး အမျိုးသားတွေကို သံခြေကျင်းခတ်တာ ၊ အမျိုးသမီးတွေကို လမ်းခရီးမှာ ခြိမ်းခြောက်တာတွေလုပ်ဆောင်တယ်လို့ မြန်မာ့အကျဥ်းထောင်သက်သေအဖွဲ့ က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက်ကဆိုရင် မုံရွာထောင်ကနေ မန္တလေး အိုးဘိုထောင်ဆီ အကျဥ်းသား၂၀၀ ဝန်းကျင် ပြောင်းရွှေ့ရာမှာ ထောင်ပြောင်းပါလာတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဘူးဝမှာတင် ရိုက်နှက် နှိပ်စက်တာတွေ​ ပြုလုပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။