Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်ကို အမေရိကန် ပိတ်ဆို့အရေးယူ

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဖရန်ဆက်စကာ အယ်လန်ဘန်နိစ်ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာလိုက်ပါတယ်။

Reuters

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် ဖရန်ဆက်စကာ အယ်လန်ဘန်နိစ်ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့ကြောင်း ကြေညာလိုက်ပါတယ်။

အယ်လ်ဘန်နိစ်ဟာ အစ္စရေးနဲ့ ပတ်သက်လို့ ပြင်းထန်ပြတ်သားတဲ့ ဝေဖန်မှုတွေ လုပ်တတ်သူ တစ်ဦးအဖြစ် လူသိများပါတယ်။ ဂါဇာစစ်ပွဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဖမ်းဝရမ်း ထုတ်ခဲ့ရာမှာ အယ်လ်ဘန်နိစ်က စုံစမ်းထောက်လှမ်းရေး ကိစ္စတွေအတွက် နောက်ကွယ်ကနေ ပံ့ပိုး ကူညီပေးခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက အယ်လ်ဘန်နိစ်ကို ပိတ်ဆို့ အရေးယူတဲ့ ဆုံးဖြတ်ချက်ဟာ သူနဲ့ ICCကြားက ဆယ်နွှယ် ပတ်သက်မှုနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ပြောပါတယ်။ အမေရိကန်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ICCရဲ့ တရားသူကြီး တချို့ကိုလည်း အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာထားပြီးသားပါ။

ICCက အမေရိကန်နဲ့ အစ္စရေး နိုင်ငံသားတွေကို တရားစွဲဆိုဖို့ ကြံစည်စိတ်ကူးမှုတိုင်းမှာ အယ်လ်ဘန်နိစ်က တက်တက်ကြွကြွ အားပေး ကူညီလေ့ရှိတယ်လို့ ရူဘီရိုက စွပ်စွဲခဲ့ပြီး သူဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တစ်ဦးအဖြစ် အလုပ်လုပ်ဖို့ မထိုက်တန်ကြောင်း ဝေဖန်ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အခုပိတ်ဆို့ အရေးယူမှုအရ အသက် ၄၈ နှစ်အရွယ် အီတလီ အမျိုးသမီးဟာ အမေရိကန်ကို ပြည်ဝင်ခွင့် ပိတ်ပင်တာ၊ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေ ရှိနေမယ်ဆိုရင် ထိန်းချုပ်ခံရတာမျိုး ကြုံလာဖွယ် ရှိပါတယ်။

သူ့ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး အယ်လ်ဘန်နိစ်က တိုက်ရိုက် မရည်ညွှန်းပေမယ့် သူ့တစ်ဘဝလုံးမှာ တရားမျှတတယ်လို့ ယုံကြည်တဲ့ ဖက်ကပဲ အမြဲတမ်း အခိုင်အမာ ရပ်တည်ခဲ့ကြောင်း၊ ဒါပေမဲ့ ဒီနေ့ကစလို့ အဲဒီယုံကြည်ချက်ကို ပိုပြီးတောင် ခိုင်ခိုင်မာမာ ဖက်တွယ်သွားတော့မှာဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။

ICCနဲ့ ဆက်နွှယ်မှုတွေ ရှိနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ အယ်လ်ဘန်နိစ်က သူ့ဇာတိ အီတလီဟာ ICC ထူထောင်မှုကို မျိုးစေ့ချပေးခဲ့တဲ့ ရောမသဘောတူ စာချုပ် ချုပ်ဆိုရာ နိုင်ငံဖြစ်ပြီး ICCရဲ့ မွေးဖွားရာလို့ ဆိုနိုင်ကြောင်း၊ အီတလီ နိုင်ငံသူ တစ်ဦးအနေနဲ့ ICCကို အကူအညီပေးခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်အဖြစ် ခံယူထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အီတလီမှာ တရားသူကြီးတွေနဲ့ ရှေ့နေတွေဟာလည်း အမှန်တရားအတွက် အစွမ်းကုန် ရပ်တည်ပေးပြီး တချို့ဆိုရင် အဲဒီအတွက် အသက်ပါ ပေးခဲ့ကြရကြောင်း၊ သူကလည်း အဲဒီလို ကျင့်ဝတ်ဂုဏ်ရည်မျိုးကို ဆက်လက် လေးစားပေးသွားမှာဖြစ်ကြောင်း အယ်လ်ဘန်နိစ်က Xမှာ ရေးသားထားခဲ့ပါတယ်။

Al Jazeera သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ သူဟာ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ ပိုပြီး ရှင်းလင်း တိကျတဲ့ သဘောထားမျိုးကို မှတ်ချက်ပေးခဲ့ပြီး မာဖီးယား ဒုစရိုက်ဂိုဏ်းဆန်ဆန် ခြိမ်းခြောက်ရန်လိုတဲ့ လုပ်ရပ်မျိုးအဖြစ် ခိုင်းနှိုင်းသွားခဲ့ပါတယ်။

သူဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ ပြည်သူတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေအပေါ် ထိထိရောက်ရောက် တုံ့ပြန်ကူညီဖို့ အနောက်နိုင်ငံ အစိုးရတွေက ပျက်ကွက်ခဲ့ကြောင်း အစဉ်တစိုက် ဝေဖန်ထောက်ပြခဲ့သူလည်း ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။