Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချစ်သူ ထိုင်းအမျိုးသမီးကို သတ်ပြီး အလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ထိုင်ဝမ်အမျိုးသား အဖမ်းခံရ

ချစ်သူ ထိုင်းအမျိုးသမီးကို သတ်ပြီး အလောင်းကို အလုပ်ခွင်က ရေခဲသေတ္တာထဲ ထည့်ဝှက်ထားတဲ့ ထိုင်ဝမ် အမျိုးသား တစ်ဦးကို ထိုင်ဝမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

ချစ်သူ ထိုင်းအမျိုးသမီးကို သတ်ပြီး အလောင်းကို အလုပ်ခွင်က ရေခဲသေတ္တာထဲ ထည့်ဝှက်ထားတဲ့ ထိုင်ဝမ် အမျိုးသား တစ်ဦးကို ထိုင်ဝမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မျိုးရိုးနာမည် ဝူလို့သာ ဖော်ပြထားတဲ့ အမျိုးသားကို ထိုင်ချွန်မြို့မှာ ဖမ်းဆီးခဲ့ကြောင်း ရဲတွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီး ပျောက်ဆုံးနေတဲ့ အမှုအတွက် ရဲတွေက ခြေရာခံ စုံစမ်းရင်း ဝူရဲ့ အလုပ်ခွင်ကို ဝင်ရောက် ရှာဖွေရာက အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေသခံ ရဲတပ်ဖွဲ့က အာ့သ်လို့သာ နာမည်ဖော်ပြတဲ့ အမျိုးသမီးက ထိုင်းကို ဝူသွားရောက်ခဲ့ချိန် ကာလတုန်းက သူနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ သူတို့နှစ်ဦးဟာ တစ်နှစ်လောက် ကြာအောင် အဝေးရောက် အချစ်ရေးကို ထိန်းသိမ်းထားသလို ထိုင်းနဲ့ ထိုင်ဝမ်ဆီ အပြန်အလှန် သွားလည်တာတွေ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့မှာတော့ အာ့သ်ဟာ ထိုင်ဝမ်ကို ရောက်လာပြီး ထိုင်ပေမြို့ရဲ့ ရှီမန်ဒင်း ရပ်ကွက်မှာရှိတဲ့ ဟိုတယ်တစ်လုံးမှာ တည်းခိုနေခဲ့ပါတယ်။ သူဟာ ဝူနဲ့ ဆက်ဆံရေးကို ဖြတ်တောက်တော့မယ့်အကြောင်း အသိပေးဖို့ ထိုင်ဝမ်ကို လာခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ မိသားစုက အာ့သ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားလို့ ရဲတိုင်ခဲ့ပါတယ်။ ထိုင်ဝမ် ရဲတပ်ဖွဲ့က စစ်ဆေးကြည့်တဲ့အခါ ဝူဟာ စက်တင်ဘာ ၁၂ ရက်တုန်းက ဟိုတယ်ကို ရောက်လာခဲ့ပြီး စက်တင်ဘာ ၁၃ မနက် အစောပိုင်းတုန်းက ခရီးဆောင် လက်ဆွဲသေတ္တာကြီး တစ်လုံးနဲ့အတူ ပြန်ထွက်ခွာသွားတာကို တွေ့ရှိခဲ့ပါတယ်။

ဝူက အဆက်ဖြတ် ခံရတဲ့ ကိစ္စအတွက် ဒေါသထွက်ပြီး စိတ်မထိန်းနိုင်ဘဲ အာ့သ်ကို လည်ပင်းညှစ်မိရာက အမျိုးသမီး သေဆုံးသွားခဲ့ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ ဒီသေဆုံးမှုမှာ တမင်ကြိုတင် ကြံစည်ခြင်း မရှိဘဲ ဒေါသကြောင့် မတော်တဆ ဖြစ်သွားတာလို့ ဝူက ပြောပါတယ်။

ဝူက စီမံအုပ်ချုပ်ရေး တာဝန် ယူထားတဲ့ နည်းပညာ ကုမ္ပဏီ တစ်ခုကို ရဲတွေက စက်တင်ဘာ ၁၉ ရက်နေ့မှာ ဝင်ရောက် ရှာဖွေခဲ့ရာက ရေခဲသေတ္တာထဲ ရှိနေတဲ့ အလောင်းကို တွေ့ခဲ့ရတာပါ။ ကနဦး သေမှုသေခင်း စစ်ချက်အရလည်း အမျိုးသမီးဟာ လည်ပင်း ညှစ်သတ် ခံရတယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ဆိုပါတယ်။

အခုအမှုကို ထိုင်ဝမ် အစိုးရ အမှုစစ် အရာရှိတွေဆီ လွှဲပြောင်းပေးထားပြီး လူသတ်မှု သံသယနဲ့ ဆက်လက် စစ်ဆေးနေကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်နိုင်ငံသားသံအရာရှိတဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထိုင်းအမျိုးသမီး တဦးကိုဖမ်းဆီးထားတယ်လို့AP သတင်းဌာနက​ဖော်ပြပါတယ်။