Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုမှာ ပျက်စီးခဲ့တဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ အီရန်က ပြင်ဆင်၊ အစားထိုးပြီးပြီလို့ဆို

အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့တဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အီရန်က ပြင်ဆင်တာတွေ၊ လိုအပ်သလို အစားထိုးတာတွေ ပြီးစီးသွားပြီလို့ ဆိုပါတယ်။

Reuters

အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့တဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အီရန်က ပြင်ဆင်တာတွေ၊ လိုအပ်သလို အစားထိုးတာတွေ ပြီးစီးသွားပြီလို့ ဆိုပါတယ်။

အီရန်စစ်တပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ ဒုတိယ စစ်ဦးစီး အရာရှိချုပ် မာမွတ် မူဆာဗီးရဲ့ အဆိုကို ကိုးကားပြီး အီရန်ရဲ့ ဒီဖာ သတင်းဌာနက အခုလို ဖော်ပြခဲ့တာပါ။ ဇွန်လ ၁၃ ရက်ကနေ ၂၅ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခအတွင်း အစ္စရေးဟာ အီရန်ရဲ့ ဝေဟင်ပိုင်နက်ကို အပြည့်အဝ စိုးမိုးထားနိုင်ခဲ့ပါတယ်။ စစ်ပွဲစပြီး ရက်အနည်းငယ် အတွင်းမှာတင် အစ္စရေးဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်အားလုံးလိုလို ဆက်ပြီး မလည်ပတ်နိုင်တော့အောင် ဦးချိုးထားခဲ့ပါတယ်။

ဒီအတောအတွင်း အီရန်ဟာ မကြာခဏ လာရောက်ဗုံးကြဲတဲ့ အစ္စရေး တိုက်လေယာဉ် တစ်စီးကိုတောင်မှ မပစ်ချနိုင်ခဲ့သလို အမေရိကန်က လေတပ်ကပါ အီရန် နျူကလီးယား အဆောက်အအုံ ၃ ခုကို ဗုံးဝင်ကြဲချိန်မှာ လေကြောင်းကာကွယ်ရေး စနစ်တွေက တစ်ချက်ကလေးတောင် တုံ့ပြန်ပစ်ခတ်နိုင်မှု မရှိခဲ့ပါဘူး။

မူဆာဗီးက စစ်မက်ဖြစ်ပွားချိန်အတွင်း အီရန် လေကြောင်းကာကွယ်ရေး စနစ်တချို့ ထိခိုက် ပျက်စီးခဲ့တယ် ဆိုတာကို ဖုံးကွယ်ထားလို့ မရကြောင်း၊ ဒါပေမဲ့ အခုအခါမှာတော့ ပြည်တွင်းဖြစ် လက်နက်တွေကို အပိုပစ္စည်းတွေ အသုံးပြု ပြင်ဆင်ထားကြောင်း၊ ချက်ချင်း ပြင်ဆင်ဖို့ မဖြစ်နိုင်သေးတဲ့ အပိုင်းတွေ အတွက်တော့ သင့်တော်တဲ့ နေရာတွေမှာ ကြိုတင် သိုလှောင် သိမ်းဆည်းထားတဲ့ လေကြောင်း ကာကွယ်ရေး လက်နက်တွေနဲ့ အစားထိုး ဖြန့်ကျက်ထားကြောင်း၊ ဒါကြောင့် အီရန်ဟာ လေကြောင်း ကာကွယ်ရေး စွမ်းရည်နဲ့ ပတ်သက်ရင် ပုံမှန် အခြေအနေမျိုး ပြန်ရောက်လာပြီဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးက ဗုံးကြဲတာ မခံရခင်ထိ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ဟာ ပြည်တွင်းဖြစ် တာဝေးပစ် Bavar-373 ဝေဟင်ခွင်းဒုံးတွေနဲ့ ရုရှားလုပ် S-300 စနစ်တွေကို အဓိက အားကိုးထားရပါတယ်။ ဒါဖာရဲ့ သတင်းမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြည်ပကနေ လေကြောင်းကာကွယ်ရေး ဒုံးကျည် စနစ် အသစ်တွေ အစားထိုး တင်သွင်းတာမျိုး ရှိမရှိ ဆိုတာကို ဖော်ပြမထားပါဘူး။

အစ္စရေးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း အီရန် ပိုင်နက်မှာ အကန့်အသတ်နဲ့ လုပ်ဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း အီရန် ဒုံးကျည် စက်ရုံ တစ်ခုကို ဖျက်ဆီးခဲ့ဖူးပါတယ်။ သီတင်းပတ် တချို့ အကြာမှာတော့ အီရန်က စစ်ရေးပြပွဲ တစ်ခုမှာ ရုရှားလုပ် လက်နက် စနစ်တွေကို ထုတ်ပြပြီး နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး စွမ်းရည်မှာ အပွန်းအပဲ့ မရှိခဲ့ဘူး ဆိုတာမျိုး ပြသခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။