Connect with us

Hi, what are you looking for?

သတင်း

အပူပိုင်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင်​ရေ​ဘေးသတိ​ပေး

ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်း ကြောင့်မုတ်သုံလေအားကောင်းနိုင်သလိုတောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ(Wipha)အရှိန်ကြောင့် မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ခုတွင်မိုးများနိုင်ပြီး ရေဘေးသတိပြုနေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADMကထုတ်ပြန်ထားသည်။

မြန်မာနှင့်​ဒေသတွင်းနိုင်ငံများကိုဇူလိုင်၂၁ ရက်ညကဂျပန်မိုး​လေဝသဂြိုဟ်တုမြင်​တွေရပုံ

ဇူလိုင်-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်း ကြောင့်မုတ်သုံလေအားကောင်းနိုင်သလိုတောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ(Wipha)အရှိန်ကြောင့် မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ခုတွင်မိုးများနိုင်ပြီး ရေဘေးသတိပြုနေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန-MOHADMကထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း နှင့် ဆက်စပ်လျက်ရှိသည့် အနောက်ဘင်္ဂလားပြည်နယ်အနီး၌ ဇူလိုင်လ ၂၄ရက်မှစ၍လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး အနောက်တောင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည်ဟုဆိုသည်။ ထိုလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးကောင်းနိုင်ကြောင်း MOHADMက သတိပေးထားသည်။

ထို့အပြင် ဝီဖာမုန်တိုင်းသည်လည်း အလွန်အားကောင်းသောမုန်တိုင်းအဖြစ်သို့ရောက်ရှိနေပြီး ဇူလိုင်လ ၂၂ ရက်နေ့တွင်ဗီယက်နမ်နိုင်ငံအရှေ့ဘက်ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုထုတ်ပြန်ထားသည်။ဝီဖာမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့်ဇူလိုင်လ၂၃ရက်၊၂၄ရက်နှင့်၂၅ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း၊လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

ဝီဖာမုန်တိုင်းအရှိန်ကြောင့် ထိုင်းနိုင်ငံတွင်မိုးကြီးနေသလို ထိုင်းနိုင်ငံနှင့်နယ်စပ်ဖြစ်သော တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်အချို့တွင်ဇူလိုင်လ ၂၁ရက်ည၌ မိုးသက်လေပြင်း တိုက်ခတ်နေသည်။

တာချီလိတ်နှင့် မိုင်းဆတ်မြို့တွင်ယနေ့ည၇နာရီ ခွဲအချိန်မှစ၍ မိုးသည်းထန်ပြီးလေပြင်းတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“မြို့ပေါ်ရပ်ကွက်တွေရောရွာတွေရောလေပြင်း ဆောင့်တိုက်သွားတယ်။သစ်ပင်တွေ၊ ဓာတ်တိုင် တွေ ကြိုးတာတွေရှိတယ်။ လျှပ်စစ်မီးလည်းပြတ်သွားတယ်” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ဝိန်း‌ကျောက်ရပ်ကွက်၊မယ်ခေါင်ရပ်ကွက်တို့တွင် သစ်ပင်ကြီးများကြိုးကျခဲ့ပြီးလမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာစစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က မြို့ ၁၅ မြို့မှာ ရေကြီးရေလျှံဖြစ်နေပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်တယ်လို့ NUG အစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။