Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား စစ်တပ်ကို ကွပ်ကဲနေတယ်လို့ ဟွန်ဆန် လူလုံးပြ

ထိုင်း စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့နယ်စပ်တိုက်ပွဲတွေမှာ ကမ္ဘောဒီးယားစစ်တပ်ဘက်ကပါဝင်ကွပ်ကဲပေးနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကသူရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးရေးသားလာပါတယ်။

ဓာတ်ပုံ - Hun Sen/FB

ဇူလိုင် – ၂၄ ၊ ၂၀၂၅ /People’s Spring

ထိုင်း စစ်တပ်နဲ့ ဖြစ်ပွားနေတဲ့နယ်စပ်တိုက်ပွဲတွေမှာ ကမ္ဘောဒီးယားစစ်တပ်ဘက်ကပါဝင်ကွပ်ကဲပေးနေတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကသူရဲ့ ဖေ့ဘွတ်ခ်ကနေ အသိပေးရေးသားလာပါတယ်။

အဲဒီအသိပေးရေးသားချက်မှာ မြေပုံတွေကို ကမ္ဘောဒီးယား စစ်ဘက်၊ အရပ်ဘက် အရာရှိတွေနဲ့ ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေ လည်းပူးတွဲဖော်ပြပါတယ်။

ဒါအပြင် ထိုင်းစစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကမ္ဘောဒီးယား စစ်တပ်ကို သားဖြစ်သူ ဝန်ကြီးချုပ် ဟွန်မာနတ် ၊ ကာကွယ်ရေးဝန်ကြီး ၊ စစ်တပ်ဦးစီးချုပ် တို့နဲ့အတူ ကွပ်ကဲနေတယ်ဆိုတာကို ဟွန်ဆန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံတွေထဲမှာ မြေပုံတွေကို မှန်ဘီလူးနဲ့ အသေးစိတ်ကြည့်ရှုနေတဲ့ ဟွန်ဆန်ကို တွေ့ရပါတယ်။

ဒါအပြင်သူအနေနဲ့ဘယ်ကိုမှထွက်ပြေးမှာမဟုတ်တာကြောင့်ကမ္ဘောဒီး ယား ပြည်သူတွေ စိတ်မပူကြဖို့ကိုလည်း ဟွန်ဆန်က ရေးသားထားပါတယ်။

ဟွန်ဆန်ဟာ သီးသန့်လေယာဉ်နဲ့ ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်ကနေ တရုတ်ကို ထွက်ခွာသွားတယ်လို့ ထိုင်းသတင်းမီဒီယာ The Nation က ဒီနေ့ ညနေပိုင်းမှာ ရေးသားပါတယ်။

အဲဒီရေးသားချက်ထွက်လာပြီးနောက် ဟွန်ဆန်က သူဘယ်မှမပြေးဘဲ စစ်တပ် ကို ကွပ်ကဲနေတယ်ဆိုတာကိုဓာတ်ပုံတွေနဲ့ တုံ့ပြန်လာတာပါ။

ဟွန်ဆန်ရဲ့ သားဖြစ်သူ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ကမ္ဘောဒီးယားဟာထိုင်းရဲ့လက်နက်ကိုင်ရန်လိုတိုက်ခိုက်မှုကြောင့် ရွေးချယ်စရာမရှိဘဲ လက်တုံ့ပြန်ရတာလို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။