Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းရဲ့တိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယားလည်း တန်ပြန်စစ်ဆင်ရေး စနေပြီလို့ ဟွန်ဆန်းပြော

ထိုင်းရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ -၉ ၊၂၀၂၅

ထိုင်းရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား စစ်ရေးတင်းမာမှုတွေ ရှိနေခဲ့သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။

ထိုင်းက ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ စစ်ရေးပစ်မှတ်တွေနဲ့ ကာစီနိုရုံ တစ်ခုကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကလည်း ထိုင်းရဲ့ အရပ်သား ဧရိယာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ကမ္ဘောဒီးယားကတော့ ထိုင်းရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက် လေးစား လိုက်နာကြောင်း ပြသဖို့အတွက် ရန်လို တုံ့ပြန်မှု မရှိဘဲ ၂၄ နာရီ သည်းခံခဲ့တယ်လို့ ဟွန်ဆန်းက Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကြောင့် သည်းခံနေတဲ့၊ ဒေသခံပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနေခဲ့တဲ့ ၂၄ နာရီ ကျော်လွန်သွားပြီးတဲ့နောက် ကမ္ဘောဒီးယားဖက်ကလည်း တန်ပြန်စစ်ဆင်ရေးတစ်ခု အစပြုပြီး လက်တုံ့ပြန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ထိုင်း အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနကတော့ ကမ္ဘောဒီးယားဟာ BM-21 အတွဲလိုက်ပစ် လောင်ချာတွေကို အသုံးပြုပြီး ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းကစလို့ ထိုင်းနယ်စပ် တကျောကို တောက်လျှောက် ပစ်ခတ်နေခဲ့တယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်းကမ္ဘောဒီးယားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး မာလီ ဆိုချီယက်တာက ထိုင်းစစ်တပ်ဟာ F-16 တိုက်လေယာဉ်တွေအပါအဝင်အကြီးစား၊ဖျက်အားပြင်းစစ်လက် နက်တွေကို အသုံးပြုပြီး ဒီဇင်ဘာ ၇ ရက်နေ့ ကတည်းက ကမ္ဘောဒီးယားဖက်ခြမ်း စစ်ဘက်နဲ့ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်နေခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။

ဇူလိုင်လတုန်းက ဖြစ်ပွားခဲ့တဲ့ ၅ ရက်ကြာ စစ်ရေး ပဋိပက္ခအပြီး နှစ်ဖက် သဘောတူထားတဲ့ အပစ်အခတ် ရပ်စဲရေး ကတိတွေဟာ လက်ရှိ အခြေ အနေမှာတော့ ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ အရမ်းခက်ခဲတဲ့ အခြေ အနေ ဖြစ်လာပါတယ်။

အပစ်ရပ် ဆွေးနွေးမှုတွေမှာ ပါဝင်ညှိနှိုင်းပေးခဲ့တဲ့ အမေရိကန် အစိုးရက နှစ်ဖက်စလုံး အနေနဲ့ ပေးထားတဲ့ ကတိတွေ ဆက်တည်ကြဖို့ တောင်းဆိုထားပေမယ့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ကတော့ ကမ္ဘော ဒီးယားနဲ့ ညှိနှိုင်းရမယ့် အချိန်က ကျော်သွားခဲ့ပြီလို့ ပြောကြားထားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က စတင်တဲ့ နှစ်ဖက် နယ်စပ် ပဋိပက္ခတွေအတွင်း ထိုင်းစစ်သား ၃ ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား ၇ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား – Xinhua

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

နိုင်ငံတကာ

ခရီးရှည် ကမ္ဘာလှည့် ပြေးဆွဲနေတဲ့ ဇိမ်ခံ သင်္ဘောတစ်စီးပေါ် လိုက်ပါသွားတဲ့ ခရီးသည် ၂၀၀ လောက်ဟာ သင်္ဘောရဲ့ ခုတ်မောင်းမှု ဆိုင်းငံ့ထားမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံမှာ သောင်တင်နေကြပါတယ်။

နိုင်ငံတကာ

ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအယာတွေ ပြသမှု၊ ဝတ္တရား နှောင့်ယှက်မှုတွေအတွက် အစ္စရေး အမျိုးသမီး တစ်ဦးရဲ့ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။