Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ စစ်တိုက်နေတာ ရပ်ကြလိမ့်မယ်လို့ ထရမ့်ပြော

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ - AFP

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းကစလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။ သူက ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးရဲ့ ဝန်ကြီးချုပ်တွေနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လတုန်းက နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး နှစ်နိုင်ငံ ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပေမယ့် ထရမ့်နဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲထားခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခတွေ ပြန်လည် စတင်လာပြီး နှစ်ဖက် အသေအပျောက် ၂၀ ထက်မနည်း ရှိခဲ့သလို နယ်စပ်မှာ နေထိုင်သူ ၅ သိန်းလောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြလိမ့်မယ်လို့ ပြောပေမယ့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်ရော၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မကြေညာသေးပါဘူး။

အစောပိုင်းတုန်းက ထရမ့်နဲ့ ဖုန်းပြောပြောပြီးချင်းမှာတော့ အနူတင်က ကမ္ဘောဒီးယားဖက်က အပစ်ရပ်၊ တပ်တွေဆုတ်ပြီး မြေမြှုပ်မိုင်းတွေ အားလုံး ရှင်းလင်းပေးမှသာ အပစ်အခတ် ရပ်စဲရေးဆိုတာ ဖြစ်မြောက်လာလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာတော့ ထရမ့်က ညနေပိုင်းကစလို့ နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှု စတင် အသက်ဝင်မှာဖြစ်ပြီး မူလ ကတိတွေကို ဆက်လက် လေးစား လိုက်နာကြမှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးဟာ ငြိမ်းချမ်းရေး အတွက်ရော၊ အမေရိကန်နဲ့ ကုန်သွယ်ရေး အတွက်ပါ အသင့်ရှိနေကြကြောင်း ရေးသားထားခဲ့ပါတယ်။

ထရမ့်ဟာ ဇူလိုင်လတုန်းက အမေရိကန် ဝင်ညှိပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို လက်ခံခဲ့တဲ့အတွက် ထိုင်းရော၊ ကမ္ဘောဒီးယားကိုပါ သွင်းကုန်အခွန် စည်းကြပ်မှုတွေကို လျှော့ပေါ့ပေးခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ်အငြင်းပွားမှုဟာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး ဒီနှစ်ထဲမှာတော့ စစ်ပွဲအဆင့်ထိ ပေါက်ကွဲလာခဲ့တာ ဖြစ်ပါတယ်။ အခုသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၆ ခုထက်မနည်းနဲ့ ကမ္ဘောဒီးယားရဲ့ ပြည်နယ် ၅ ခု ထိစပ်ရာ နယ်စပ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။