Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်ကနယ်မြေတချို့ကိုသိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်ပြော

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - ထိုင်းစစ်တပ်

ဒီဇင်ဘာ – ၁၂ ၊၂၀၂၅

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ခေါ့ဆွန်းခရိုင်ရဲ့ ဆာခေါင်ဒေသမှာရှိတဲ့ ဘန်နွန်ယာခေါင် ဧရိယာကို ထိုင်းတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ရစ်ချာ ဆွတ်ဆူဝါနွန်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တာဖရာယာမှာရှိတဲ့ ဘန်ခလွန်ဖာအန် အပါအဝင် တခြားနယ်စပ် ဧရိယာတချို့မှာတော့ကမ္ဘောဒီးယားဖက်က ပြင်းပြင်းထန်ထန် ဆက်လက် ခုခံနေတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားနေရာ နယ်စပ်မှာ ကမ္ဘောဒီးယား တပ်တွေကို အပြီးတိုင် ရှင်းလင်း တိုက်ထုတ်မယ်လို့ ကြွေးကြော်ထားပါတယ်။

ရစ်ချာရဲ့ အဆိုအရ ဘန်ခလွန်ဖာအန်မှာတော့ ကမ္ဘောဒီးယားက BM-21 အတွဲလိုက်ပစ် ဒုံးကျည်တွေကိုပါ အသုံးပြုပြီး တန်ပြန်ထိုးစစ် ဆင်ခဲ့တာကြောင့် ထိုင်းစစ်သားတချို့ ဒဏ်ရာရခဲ့ပြီး မဟာဗျူဟာ လိုအပ်ချက်အရ ယာယီ ပြန်ဆုတ်ခွာထားရတယ်လို့လည်း သိရပါတယ်။ အစောပိုင်းတုန်းက အဲဒီဒေသမှာ ထိုင်းစစ်သားတွေက နိုင်ငံတော်သီချင်း သီဆိုနေတဲ့ ဗီဒီယိုတစ်ခုလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။

ထိုင်းတပ်တွေ ဆုတ်ခွာခဲ့တဲ့နောက် အဲဒီနေရာမှာ ကျန်နေခဲ့တဲ့ ထိုင်းအလံကိုလည်း ကမ္ဘောဒီးယား စစ်သားတွေက ဖယ်ရှားပစ်ခဲ့ပါတယ်။ ရစ်ချာကတော့ အဲဒီနေရာကို ရအောင် ပြန်သိမ်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောပါတယ်။

ထိုင်းတပ်ဖွဲ့တွေဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက် တခြားနေရာတချို့ကိုလည်း တစ်စိတ်တပိုင်း ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အူဘွန် ရတ်ချာဌာနီမှာရှိတဲ့ ချွန်အန်မာ၊ ဆူရင်မှာရှိတဲ့ ချွန်ခါနာ၊ ဘူရီရမ်မှာရှိတဲ့ ပရာဆတ်တာခွိုင်တို့မှာ စစ်ဆင်ရေးနယ်မြေ အခက်အခဲတွေ ကြုံရတဲ့တိုင် နယ်မြေတချို့ကို သိမ်းယူရရှိထားပြီး ရန်သူ့ စစ်စခန်းတွေကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ကြေညာထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ် အငြင်းအခုံတွေ ဖြစ်နေတာ နှစ်ပေါင်း ၁၀၀ ကျော် ကြာခဲ့ပြီးပါပြီ။

အခုနှစ် ဇူလိုင်လမှာတော့ ဒီကိစ္စကို အကြောင်းပြုပြီး နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခကြီးအဖြစ် ပေါက်ကွဲခဲ့ပေမယ့် မလေးရှား၊ အမေရိကန်တို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ အခြေအနေတွေ တကျော့ပြန် တင်းမာပြီး နယ်စပ်မှာ တိုက်ပွဲတွေ ပြန်စလာတာ ဖြစ်ပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။