Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းရမယ့် အချိန်က ကျော်သွားပြီးပြီလို့ ထိုင်းဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းဆွေးနွေးကြဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထိုင်းဝန်ကြီးချုပ်က ပယ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - The Nation

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းဆွေးနွေးကြဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထိုင်းဝန်ကြီးချုပ်က ပယ်ချသွားခဲ့ပါတယ်။

လတ်တလော နယ်စပ်မှာ နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ပြန်လည် စတင်လာတဲ့နောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လုံးဝ ပျက်ပြယ်သွားမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ဇူလိုင်လတုန်းက ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ သတင်းထောက်တွေက ထိုင်းအစိုးရ အနေနဲ့ ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းမလားလို့ မေးမြန်းတဲ့အခါ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အဲဒီလိုလုပ်ရမယ့် အချိန်က ကျော်သွားခဲ့ပြီး ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့ တိုက်ခိုက်မှုတွေကို ရပ်စေချင်ရင် ထိုင်းဖက်က ဒီလို တိုက်ခိုက်မှုတွေ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေသူတွေကိုပဲ သွားပြောသင့်တယ်လို့ အနုတင်က ဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ ကမ္ဘောဒီးယားဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ထိုင်းကလည်း နယ်စပ်မှာ တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာလည်း ထိုင်းစစ်တပ်က ထုတ်ပြန်ရာမှာ နိုင်ငံ ပိုင်နက်ထဲ ကျူးကျော်နေတဲ့ ကမ္ဘောဒီးယား စစ်သားတွေကို မောင်းထုတ်သွားမယ်လို့ ပါရှိခဲ့ပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား တပ်တွေဟာ ထိုင်းနယ်စပ်ဖက်က အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ကြောင်း ထိုင်းက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းကတော့ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက် ဖြစ်စဉ်တွေဟာ ထိုင်းက ရန်စလို့ သူ့နိုင်ငံရဲ့ စစ်တပ်က လက်တုံ့ပြန်ခဲ့တာသာ ဖြစ်တယ်လို့ Facebookမှာ ရေးသားထားခဲ့ပါတယ်။ ကမ္ဘောဒီးယားဟာ အပစ်ရပ် သဘောတူညီချက်ကို ဆက်ပြီး လေးစား စောင့်ထိန်းဖို့အတွက် ၂၄ နာရီလောက် သည်းခံခဲ့သေးတယ်လို့ သူက ဆိုပါတယ်။ ရန်သူက စပြီး တိုက်ခိုက်လာရင်တော့ ကမ္ဘောဒီးယား စစ်တပ်ကလည်း အစွမ်းကုန် ပြန်တိုက်ရမှာ ဖြစ်တယ်လို့ ဟွန်ဆန်းက သတိပေးထားခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား တင်းမာမှုတွေ တကျော့ပြန် မြင့်တက်လာချိန်မှာ အမေရိကန် အစိုးရကတော့ နှစ်ဖက်စလုံး အပစ်ရပ် ကတိတွေကို လေးစားပေးကြဖို့ တောင်းဆိုခဲ့သလို ကုလသမဂ္ဂကလည်း အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေအတွင်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ထိုင်းစစ်သား ၁ ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း နှစ်ဖက် အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook