Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းစစ်တပ်သိမ်းဆည်းရမိတဲ့ကမ္ဘာဒီးယားစစ်တပ်သုံးတရုတ်ထုတ်တင့်ဖျက်ဒုံး

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းက နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ငါး ရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့ရာက လတွေနဲ့ချီကြာအောင် အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲတွေ တကျော့ပြန် စတင်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Khaosod

ဒီဇင်ဘာ – ၁၅ ၊၂၀၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းက နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ငါး ရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့ရာက လတွေနဲ့ချီကြာအောင် အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲတွေ တကျော့ပြန် စတင်လာတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ကတော့ဒီဇင်ဘာ ၈ ရက်ကနေ၁၆ ရက်နေ့ထိ အတော အတွင်း နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ စုစုပေါင်း ၃၂၇ ဦး ရှိခဲ့တယ်လို့ ကြေညာထားပါတယ်။

ပြီးတော့ ကမ္ဘောဒီးယားဖက်မှာ စစ်သား ၂၂၁ ယောက်သေပြီး စစ်စခန်း ၅၁ ခု ဖျက်ဆီး ခံခဲ့ရတယ်လို့လည်း ထိုင်းက ဆိုပါတယ်။ ကမ္ဘောဒီးယားကတော့ အရပ်သား သေဆုံးမှု ဒါဇင်နဲ့ချီ များပြားကြောင်း ထုတ်ပြန်ပေမယ့် စစ်တပ်ရဲ့ အသေအပျောက် ဦးရေနဲ့ ပတ်သက်လို့တော့ နှုတ်ဆိတ်နေဆဲပါ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ ထိုင်းစစ်တပ်ဟာ နယ်စပ်နားက ကမ္ဘော ဒီးယား စစ်စခန်းမှာ တရုတ်နိုင်ငံထုတ် အဆင့်မြင့် GAM-102LR အမျိုးအစား တာဝေးပစ် တင့်ကားဖျက် ဒုံးကျည်စနစ်တွေ သိမ်းဆည်းရမိခဲ့ကြောင်း ကြေညာပါတယ်။

အဲဒီ လက်နက်တွေကို နှစ်ဆန်းပိုင်းကမှ စတင် မိတ်ဆက်ထားတာပါ။

၆ မိုင်လောက်အကွာက ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည် လက်နက်ကို တရုတ်က ကမ္ဘောဒီးယားဆီ ထောက်ပံ့ပေးထားတာနဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ တရုတ်ရဲ့ သဘောထားအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

ပဉ္စမမျိုးဆက် တင့်ကားဖျက်လက်နက်တွေကို တရုတ်ရဲ့ စစ်ရေးနည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ Poly Defenseက ထုတ်လုပ်ပါတယ်။ အဲဒီလက်နက်ဟာ ပစ်မှတ်ကို အမြန်ဆုံး ချိန်ရွယ် မှတ်သားပြီး တိတိကျကျ ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းစနစ်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဒုံးကျည်က ပစ်မှတ်ဆီ မရောက်သေးခင် ပျံသန်းနေဆဲ အဆင့်မှာ ပစ်ခတ်သူက တခြားပစ်မှတ် တစ်ခုကို ပြောင်းလဲပြီး တိုက်ခိုက်စေတာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။

ထိုင်းစစ်ဘက် သတင်းရင်းမြစ် တချို့ကတော့ ကမ္ဘောဒီးယား စစ်သားတွေဟာ အဲဒီလက်နက်စနစ်နဲ့ အကျွမ်းတဝင် မရှိသေးဘဲ သင်ယူနေဆဲလို့ ယူဆရကြောင်း၊ ဒါကြောင့် ထိုင်းက ထိုးစစ်ဆင်ချိန်မှာ ထိထိရောက်ရောက် အသုံးမချနိုင်ခဲ့ဘဲ စခန်းမှာပဲ ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးကုန်တာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုထားကြပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook